အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန်စံတော်မူခြင်းအကြောင်း


        
မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း အရှင်သာရိပုတ္တရာမထေရ်၏ ဓာတ်တော်များကို သာဝတ္ထိပြည်၌ ဓာတုစေတီ တည်ထားစေတော်မူပြီးလျှင် ရာဇဂြိုဟ်သို့ ကြွရောက်ရန် အရှင်အာနန္ဒာမထေရ်အား အမှတ်ပေးတော်မူလေ၏ အရှင်အာနန္ဒာမထေရ်သည် ရဟန်းတို့အား မြတ်စွာဘုရာားဇဂြိုဟ်ပြည်သို ကြွချီတော်မူမည့် အကြောင်းကို ရဟန်းများစွာ ခြံရံ တော်မူလျက် သာဝတ္ထိပြည်မှ ထွက်တော် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူကာ ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့ လျော် နေတော်မူ၏ ( မြတ်စွာဘုရားသည် မဟာ သက္ကရာဇ် (၁၀၃) ခှုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူသည်  ထိုနှစ် တပိုတွဲလဆန်း()ရက်နေ့၌ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမော လာန်မထေရ် ရဟန္တာ ဖြစ်တော်မူသည် တဆယ့်ငါးရက်မြောက် တပိုတွဲ လပြည့်နေ့၌ အရှင်သာရိပု တ္တရာမထေရ် ရဟန္တာဖြစ်တော်မူသည် မြတ်စွာဘုရားရှင်(၄၅)ဝါရတော်ပြီး  အဂသာဝကမထေရ်နှစ်ပါးတို့ (၄၄)ဝါစီရတော်ကြပြီးဖြစ်သည့် မဟာသက္ကရာဇ်(၁၄၈)ခုနစ် တန်ဆောင်မုန်းလပြည်နေ့၌ အရှင်သာရိပုတ္တရာမထေရ် ဖွားရားဇာတိ နာလကရွာ၌ ပရိနိဗာန်စံတော်မူသည် ထိုတန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂလာန်မထေရ် ရာဇာဂြိုဟ်ပြည် သီဂိလိမကျဉ်းချုပ် မုတ်သားထားနှင့်ရာ၏  အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ပရိနိဗာန် စံတော်မူခြင်း အကြောင်းအရာများကို ရေးသားဖော်ပြခဲ့ပြီး ယခုအခါအရှင်မဟာမောဂလာန် မထေရ်၏ ပရိနိဗာန်စံတော်မူခြင်း အကြောင်းအရာသော် ကား)


ထိုသို့ မြတ်စွာဘုရားရှင်  ရာဇဂြိုဟ်ပြည် ဝေဠုဝန်းကျောင်း၌ ကိန်းအောင်းမွေ့ လျော် နေတော်မူသော အခါ အရှင်မဟာမောဂလာန်မထေရ်သည် သိဂိလိ တောင်ယံ ကာဠသိလာ မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေထိုင်တော်မူ၏ အရှင်မဟာမာလာန်မထေရ်မြတ်သည်ကား တန်ခိုးအရာ  အထွက်အထိပ် ရောက်တော်မူသည် နတ်ပြည်လောက နှင့် ဥဿဒငရဲပြည်လောကသို့ ဒေသစရီ ကြွချီတော်မူသည် နတ်ပြည်၌ မြတ်စွာဘုရားရှင့် တပည့်သာဝကတို့၏ ကြီးစွာသော စည်းစိမ်ခံစားရပုံကို၎င်း ဥဿဒငရဲတို့၌ တိတ္ထိတပည့်များ၏ ကြီးစွာသော ဆင်းရဲဒုက္ခ ခံစံရပုံကို၎င်း ကိုယ်တိုင် မြင်တော်မူပြီးလျှင် လူပြည်သို့ ပြန်ကြွလာ မည်သော ဒါယကာ ဒါယိကာမများတို့သည် ည်သော နတ်ပြည်လောက၌ ဖြစ်ကြ ကြီးစွာသော စည်းစီမ်းချမ်းသာကို ခံစားကြရကုန်၏ တိတ္ထိ တပည့်တို့တွင် မည်သော ဒါယကာ ဒါယိကာမများတို့သည် မည်သော ရှိသော ငရဲ၌ ဖြစ်ကြရကုန်၏ လူတို့အားကို ဟောကြားတော်မူလေသည် သို့ရကား လူတို့သည် သာသနာ၌် ကြည်ညိုကြ တိတ္ထိတို့ကို ရှောင်ကြဉ်ကြလေကုန်၏ မြတ်စွာဘုရားနှင့် တကွတပည့်သား သာဝကတို့၏အဖို့ရာ ကြီးစွာသော ပူဇော် သက္ကာရ ဖြစ်ရ တိတ္ထိတို့ အဖို့ရာကား တနေ့တခြား ပူဇော် သက္ကာရမှ လျော့ပါးဆုတ်ယုတ်လေတော့သည်
ထို့ကြောင့် တိတ္ထိတို့သည် အရှင်မဟာမောဂလာန်မထေရ်၌ ရန်ငြိုးဖွဲ့ကြ မောဂလာန်ရဟန်း အသက်ရှည်နေလျှင် ငါတို့၏ အလုပ်အကျွေး ဒါယကာ ဒါယိကာမများ တနေ့တခြား ပျက်ပြားကြကုန်ရာ၏ ပူဇော်သက္ကာရမူသည်လည်း တနေ့တခြား လျော့ပါးဆုတ်ယုတ်ရာ၏ ထိုမောဂလာန်ရဟန်းကို သတ်ဖို့ရန် အတွက် သမဏဂုတ္တက အမည်ရှိသော ဓားပြဗိုလ်အား ငွေအသပြာတထောင် ပေးကြလေကုန်၏
ထိုသမဏဂုတ္တက ဓားပြဗိုလ်သည် မထေရ်မြတ်ကို သက်အံ့ ဟု များစွာသော သူခိုးဓားပြ အခြံအရံနှင့် တကွ ကာဠသိလာကျောက်ဖျာရှိရာအရပ်သို့ သွားလေ၏ မထေရ်မြတ်သည် ထိုသမဏဂုတ္တက  ဓားပြဗိုလ် လာနေသည်ကို မြင်လျှင်ပင် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက် တိမ်းရှောင်ဖဲသွားနှင့်လေ၏ ဓားပြဗိုလ်သည် ထိုနေ့၌ မထေရ်မြတ်ကို မတွေ့ရ ပြန်ခဲ့ပြီးလျှင် နောက်တနေ့၌်လည်း ထိုနည်းအတူ သွားပြန်လေ၏ မထေရ်မြတ်သည်လည်း ရှေးနည်းအတူ တိမ်းရောင်ဖဲသွားနှင်းလေ၏ မထေရ်မြတ် နည်းဖြင့် ခြောက်ရက်ကြာရှိခဲ့လေသည်
ခုနစ်ရက်မြောက်နေ့၌ မထေရ်မြတ်၏ ရှေးက ပြုမှားခဲ့သော အပရာပရိယ အကုသိုလ်ကံသည် အကျိုးပေးရန်အခွင့်ကို ရရှိလာလေသည် ထိုအပရာပရိယ အကုသိုလ်ကံအကြောင်းကို ထင်ရှားစေဦးအံ့
မထေရ်မြတ်သည် ရှေးနုစဉ် တခုသော ဘဝ ဝယ် မယား၏ ဂုံးချောစကားကို နာယူမှား မိနှင့် အဖတို့ကို သတ်လိုရကား ယာဉ်ငယ် (လှည်းယာဉ်)ဖြင့်  တောသုခ့ ခေါ်တောင်သွား လူဆိုးဓားပြများ ထကြွသောင်းကျန်းဟန်ကို ပြုလျက် မိဘနှင့် အဖနှစ်ပါးကိုရိုက်နှက်ပုတ်ခတ်လေ၏ မိ.ဖ နှစ်ပါးတို့သည် မျက်စီနှစ်ကွင်း အလင်းမရကြသောကြောင့် အဆင်းကို မမြင်ကြပဲ မိမိတို့၏ သားကိုပင် တကယ်ကြတယ် လူဆိုးဓားပြ ထင်ကြ ချစ်သား မည်သော လူဆိုးဓားပြတို့သည် ငါ့တိုကို ရိုက်နှက်ပုတ်ခတ်ကုန်၏ သင်ချစ်သားသည် လွတ်ရာပြေးသွားပါ ဟု သားအတွက်သားပြောဆိုငိုကြွေးကြလေကုန်၏ သားဖြင့်သူက သြ .ငါ့မိ ငါ့ဖတိုကား ငါ့ကပင် ရိုက်နှက် ပုတ်ခတ်အပ်ပါကုန်လျက်လည်း ငါ့အတွက်သာလျှင် စိုးရိမ်ကြီးစွား ငိုကြွေးကြရှာ၏ ငါ့ကား မသင့်လျော်သောအမူကို ပြုမှားအပ်ခဲ့ လေပြီး ဟု နောင်တပူပန် ကြံစည်ပြီးလျှင် မိ.ဖနှစ်ပါးတိုကို သက်သာရာကိုပြလျက် မိ.ဖတို့၏ ခြေလက်တို့ကို ဆုတ်နယ် အိုမိခင် .ဖခင်တို့ မကြောက်ကြလင့် လူဆိုးဓားပြများ ထွက်ပြေးသွားကြ လေပြီ “ဟု  သားဖြစ်သူက ပြောဆိုကာ တဖန် မိမိအိပ်သို့သာလျှင် မိဖနှစ်ပါကို ပြန် ခေါ်ဆောင်ခဲ့ လေသည် ထိုမကောင်းမူ အကုသိုလ်ကံသည် မျှ ကာလကြာအောင် အကျိုးပေးခွင့် မရသေးသဖြင့် ပြာဖုံးသောမီးကျီးစုကဲ့သို့ တည်နေ   ယခုနောက်ဆုံး ပစ္ဆိမဘဝ ခနာကိုယ်ကို အပြေးအမမှိလိုက် ဖမ်းကိုက်လေတော့၏ လောကဥပမာအားဖြင့် မူဆိုးသည် သား သမင်ကိုမြင် ခွေးကို လွှတ်လိုက်လေရာ ထိုခွေးသည် သားကောင်ကိုအစဉ်လိုက် မှီရာအရပ်၌ပင်လျှင် ဖမ်းကိုက်သကဲ့သို့ ထို့အတူ အရှင်မောဂလာန် အလောင်းဖြစ်သူ ပြုလုပ်ခဲ့သော အကုသိုလ်ကံသည်လည်း အကျိုးပေးခွင့်ကို ရရာဘုံဌာန ၌ပင် အကျိုးပေးလေတော့၏ ထိုသို့ အကျိုးပေးခွင့်ရသော ကမှ လွတ်မြောက်သောသမည်သည် မရှိချေ
အရှင်မောဂလာန်မထေရ်မြတ်သည် မိမိပြုခဲ့သော အကိုသိုလ်ကံက ဆွဲငင် ဖမ်းကိုက်မိကြောင်းကို ကောင်းစွာသိတော်မူ ထိုခုနစ်ကြိမ်မြောက်၌်ကား အရပ်တပါး တန်ခိုးဖြင့် ဖဲသွားမူကောင်းကင်သို့ ဆုံးမခြင်းငှါ မစွမ်းနိုင်တော့ချေ နန္ဒောပနန္ဒနဂါးမင်းကို ဆုံမခြင်းငှါ စွမ်းနိုင် ဝေဇယန္တာပြာသာဒ်ကို ဆတ်ဆတ်ခါအောင် တုန်လူပ်စေခြင်းငှါ စွမ်းနိုသော မထေရ်မြတ်၏တန်ခိုးသည်လည်း အကုသိုလ်းကံစွမ်းကြောင့် အားနွဲ့ခြင်းသို ရောက်ခဲ့လေသည် သမဏဂုတ္တက လူဆိုးဓားပြဗိုလ်သည် မထေရ်မြတ်ကို ဝိုင်းဝန်းဖမ်းယူပြီးလျှင် မထေရ်၏အရိုးတို့ကို ဆန်ကျိုးဆန်းကွဲမျှ ပမာဏရှိအောင် ပြုလုပ်လျက် ထုနှက် ရိုက်ချေ မှုန့်မှုန့်ကြေစေ အရိုးအားလုံးတို့ကို မှုန့်မှုန့်ညက်ညက် ကြွေမွစေလျက် ကောက်ရိုးကရွက်ခွေကဲ့သို့ ဖြစ်အောင် ညှင်းပန်းနှိပ်စက်မူတည်းဟူသေား ပလာလာပီဌိက မည်သော ကမ္မကရရဏ ပြုလုပ်ပြီးလျှင် သေပြီ ဟူသော အမှတ်သညာဖြင့် ချုံဖုတ်တခုပေါ်၌ ပစ်တင်ခဲ့ မိမိ အခြံအရံ လူဆိုးများနှင့် အတူတကွ ဖဲသွားလေ၏

မထေရ်မြတ်သည် သတိရ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ပြီးမှ ပရိနာန်းဝင်စံမည် ဟု ကြံစည်ဆင်ခြင်တော်မူကာ မှုန့်မှုန့် ကြေနေသော ကိုယ်တော် ခနာကိုယ်ကို အသိညာဏ် ဈာန်တည်းသဟူသော အဝတ်ပဠ္ဋီးဖြင့် ဖွဲစည်းရစ်နှေုာင် ခိုင်မတ်အောင်ပြုပြီးလျှင်ကောင်းကင်သို့ ပျံတက် ကောင်းကင်ခရီးဖြင့် ဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးသော် မြတ်စွာဘုရားရှင်နှင့် အတုံ့အပြန်လျှောက်ထား ပြောဆိုတော်မူသည်မှာ
(အရှင်မဟာမောဂလာန်) မြတ်စွာဘုရား တပည်တော်သည် အာယုသင်္ခါရကို စွန့်လွှတ်အပ်ပြီးပါပြီ ပရိနိဗာန်စံပါတော့မည်ဘုရာ (မြတ်စွားဘုရား)ပရိနိဗာန်ဝင်စံတော့မည်လော့ချစ်သားမောဂလာန်
(အရှင်မောဂလာန်) ဝင်စံပါတော့ မည်ဘုရားး (မြတ်စွာဘုရား) ချစ်သားမောဂလာန် သင် ချစ်သားသည် အဘယ်အရပ်သို့သွား ပရိနန်ဝင်စံမည်နည်း
(အရှင်မောဂလာန်) မြတ်စွာဘုရား ကာဠသိလာ ကျောက်ဖျာအပြင်သို့ သွားရောက် ပရိနိဗာန် ဝင်စံပါမည်ဘုရား(မြတ်စွာဘုရား) ချစ်သားမောဂလာန် ထိုသို့ ဖြစ်လျှင်ငါ့အား တရားဟောပြီးမှ သွားလော့ ယခုအခါ သင်ချစ်သားကဲ့သို့သော တပည့်သာဝကကို နောက်တကြိမ်တွေ့မြင်နိုင်ခွင့် မရှိတော့ပြီး ထိုသို့မြတ်စွာဘုရားမိန့်ကြားတော်မူသောအခါ မထေရ်မြတ်သည် ကောင်းပါပြီ မြတ်စွာဘုရား လိုက်နာပြုလုပ်ပါမည် ဟုလျှောက်ထားပြီးလျှင် မြတ်စွာဘုရားကို ရိုသောစွာ ရှိခိုး ထန်းတဆင့် နှစ်ဆင့် စသည် ထန်းခုနှစ်ဆင့်တိုင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကဲ့သို့ တန်ခိုး အမျိုးမျိုး ဖန်ဆင်းပြသ တရားဓမ္မကိုလည်း ဟောတော်မူကာ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးနောက် ကာဠသိလာ ကျောက်ဖျာရှိရာ တောအုပ်သို့ ကြွရောက် ပရိနိဗာန် ဝင်စံတော်မူလေ၏
ထိုခဏမှာပင် ကာမာဝစရနတ်ပြည် ခြောက်ထပ်လုံး အုတ်အုတ်ကျက်ကျက်တပြိုင်နက်ဖြစ် သွားလေ၏ နတ်ဗြဟ္မာတို့သည် ငါ့တိုဆရာ အရှင်မဟာမောဂလာန်မထေရ်မြတ် ပရိနိဗာန်ဝင်စံတော်မူပြီတဲ့ ဟုအချင်းချင်း ပြောဆိုကြကာ နတ်၌ ဖြစ်သော နံ့သာ ပန်း အထုံ အခိုး စန္ဒကူးမူန့် တို့ကို၎င်း အထူးထူးသော နံ့သာ နတ်ထင်းတို့ကို၎င်း ယူဆောင် လာကြလေကုန်၏ စန္ဒကူးနတ်ထင်းပုံသည်ံတောင် (၉၉) ကိုးဆယ့်ကိုးတောင် အမြင့်ရှိလေသည် မြတ်စွာဘုရား ကိုယ်တော်တိုင် ရဟန်းတို့နှင့်တကွ ကြွရောက်တော်မူ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်အနီး၌ မားမားမတ်မတ်ရပ်တည်စီမံအုပ်ချုပ်တော်မူကာ ဖုတ်ကြည်း သဂျြိဟ်မူ ပြုစေတော်မူလေ၏
ဖုတ်ကြည်းသဂြိုဟ်ရာဌာန၏ ပတ်ဝန်းကျင် တယူဇနာမျှသော အရပ်၌ ပန်းမိုးရွာဖြိုး ချလေသည် ထိုဈာပနသဘင်ဝယ် နတ်တို့အကြား၌ လူများလူတို့အကြား၌ နတ်များလှည့်လည်သွားကြကုန်၏ အစဉ်အတိုင်းနတ်တို့အကြား၌ နတ်များလှည့်လည်သွားကြကုန်၏ အစဉ်အတိုင်း နတ်တို့အကြား၌ ဘီလူးယက္ခနတ်များရတည်ကြ ဘီလူးယက္ခနတ်အကြား၌ ဂနနတ်များ ဂဠုန်တို့အကြား၌ ကိနရာများ ရပ်တည်ကြလေသည် ကိနရာတို့အကြား၌ တံခွန်ပြားများတည်ရှိကြကုန်၏  နတ်လူတို့သည် ခုနစ်ရက်တိုင်တိုင် သာဓုကီဠန သဘင်ကို ဆင်ယင်ကျင်းပကြလေကုန်၏ မြတ်စွာဘုရားသည်မထေရ်မြတ်၏ ဓာတ်တော်တို့ကို ယူဆောင်စေတော်ခဲ့၌ ဝေဠုဝန်ကျောင်းတိုက်တော် တံခါးမခ် အနီး၌ ဓာတုစေတီတော် တည်ထားစေတော်မူလေ၏ အရှင်မေဂလာန်မထေရ်ကို လူဆိုးဓားပြတို့ သတ်ကြသည်တဲ့ ဟူသော သတင်းစကားသည်လည်းဇမူဒိပ်တကျွန်းလုံး ပြန့်နှံ့ လေ၏ အဇာတသတ်မင်းသည် လူဆိုးဓားပြများကို အရရှာဖွေရန် သူလျိုယောက်ျားတို့ကို အနှံ့အပြား စေလွှတ်ထားလေ၏ ထိုသတ်သမားတို့သည်လည်းသေတင်းကုပ် (အရက်ဆိုင်)၌ သေအရက်သောက်ကြသည်ရှိသော် လူသတ်သမားတယောက်က အခြား လူသတ်သမားတယောက်၏ လက်မှ သေသောက်ခွက် (အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ ရန်စလိုက်လေသည် ထိုအခါ ရန်အစခံရသော လူသတ်သမားက မျိုးမျိုးခြိမ်းခြောက်လျှက် အဆုံးမခက် ဟေ့ လူပျက် သင်သည် အဘယ့်ကြောင့် ငါ၏သေသောခွက် (အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ မြေသို့ကျစေသနည်း ဟု ရန်မူစကားပြောကြားလေလျှင် ရန်စသော လသတ်သမားက ဟေ့လူဆိုး လူပျက် အသို့နည်း သင်သည် အရှင်မဟာမောဂလာန်မထေရ်ကို အလျင်လက်ဦး ရိုက်နှက်ထိုး ခုတ် သတ်ပုတ်ဝံ့သလော ဟု ရန်တွေ့စကားပြောကြားလေ၏ ရန်အစခံရသော လူသတ်သမားကလည်း အရူံးမခံပဲ ဟေ့ လူပျက် ငါရိုက်နှက် ထိုးခုတ်သည်ကို သင်မသိဘူးလော ဟု ရန်တုံ့ စကားပြောကြားလေ၏ သို့လျှင် လူသတ်သမားတို့ အချင်းချင်း ငါရိုက်နှက်ထိုးခုတ်သတ်ဖြတ်အပ်သည် ငါရိုက်နှက်ထိုး ခုတ်သတ်ဖြတ်အပ်သည် ဟု သူသတ်သည် ငါသက်သည် အရည်လုစကား ပြောကြားကြသည်ကို ကြားသိရ မင်းချင်း သူလျှိုယောကျာ်းတို့သည် ထိုလူသတ်သမားအားလုံးတို့ကို ဖမ်း အဇာတသတ်မင်းအားလျှောက်ထားကြလေကုန်၏ အဇာတသတ်မင်းက လူသတ်သမားတို့ကို ရေ့တော်သို့ ခေါ်စေ သင်တို့သည် အရှင်မဟာမောဂလာန်မထေရ်မြတ်ကို သတ်အပ်သလော ဟု မေးလေလျှင် လသတ်သမားတို့သည် အိပ်း သတ်အပ်ပါသည် အရှင်မင်းကြီး ဟု ဝန်ခံစကားသင်တို့ကို အဘယ်သူက အသတ်ခိုင်းအပ်ကုန်သနည်း ဟု မေးလေလျှင် လူသတ်သမားတို့သည် အရှင်မင်းကြီး အဝတ်မလွှမ်း တိတ္ထိတက္ကတွန်းတို့က ငွေပေး အသတ်ခိုင်းအပ်ပါကုန်သည်ဘုရား ဟု ဖြောင့်ချက်ပေးကြလေ၏  အဇာတသတ်မင်းသည် အဝတ်မလွှမ်း တိတ္ထိတက္ကတွန်း(၅၀၀) ငါးရာတိုကိုပါ ဖမ်းစေ လူသတ်သမား(၅၀၀) ငါးရာတို့နှင့် အတူတကွ မင်းယင်ပြင်(နန်းတော်မြေကွက်လပ်)၌ ထိုသူအားလုံးတိုကို ချက်မြုပ်လောက်အောင် နက်သောတွင်းတို့ဝယ် မြှုပ်နှံစေပြီးလျှင် သံထွန်သွားတပ်သော ထွန်တုံးတို့ဖြင့် လူးလာတုံးခေါက် ထွန်ယက်စေ ထိုသူအားလုံးတို့ကို အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်စေလေ၏(၌။ အရှင်မဟာမောဂလာန်မထေရ် ပရိနိဗာန် စံတော်မူ ကြောင်းကို(ဇာ ၅ ၊ ၁၃၃.၁၃၄. ၁၃၅) စတ္တာလီသနိပါတ် သရဘင်္ဂ (ဓမ္မပဒဋ္ဌ ၂၊ ၄၃) မဟာမောဂလ္လာနတ္ထေုအဖွင့်မှ ထုတ်နုတ်ဖော်ပြအပ်သည်) အရှင်မဟာမောဂလာန်မထေရ်၏ ဈပနကိစ္စ၌ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြပ်မက် သဂြိုဟ်တော်မူသည်ကို အကြောင်းပြု ရဟန်းတို့သည် တရားခန်းမဆောင်၌ ငါ့ရှင်တို့ သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရား၏အနီး၌ ပရိဗာန်မစံသဖြင့် ဘုရားတို့ထံမှ ကြီးစွာဘုရား၏အနီး၌ ပရိနာန်မစံသဖြင့်ဘုရားတို့ထံမှ ကြီးစွာသော မြတ်နိုးတနာမူ အပြူမခံရချေ မောဂလာန်မထေရ်သည်ကား မြတ်စွာဘုရား၏အနီး၌ ပရိနိဗာန်ဝင်စံသဖြင့် ကြီးစွာသော မြတ်နိုးတနာမူ အပြုခံရပေသည် ဟု စကားကို ဖြစ်စေကြကုန်၏ ထိုအခါမြတ်စွာဘုရား ကြွလာတော်မူ ရဟန်းတို့ ယခုငါဘုရား ကြွလာသောအခါ၌ သင့်တို့သည် အဘယ်စကားဖြင့် ညီမူစည်းဝေ နေကြသနည်း ဟုမေးတော်မူ ရဟန်းတို့က ထိုအကြောင်းကို ပြန်ကြားလျှောက်ထားသည်တွင် မြတ်စွာဘုရားရှင်သည် ရဟန်းတို့ မောဂလာန်သည် ယခု ဘဝ၌သာ ငါဘုရားထံမှ မြတ်နိုးတနာမူ အပြုခံရသည်မဟုတ်သေး ရှေးကလည် အပြုခံရဘူးသည်သာတည်း ဟုမိန့်တော်မူ ရဟန်းတို့အား စတ္တာလီသနိပါတ်လာ သရဘင်္ဂဇာတ်ကို ဟော ကြားတော်မူလေသည်(ထိုသရဘင်္ဂဇာတ်ကိုငါးရာ့ငါ့းဆယ်ဇာတ်ဝတ္ထု မှာ အကျထုတ်ယူ မှာသားရား၏ မြတ်စွာဘုရားရှင်သည် အဂသာဝကနှစ်ပါးတို့ ပရိနာန်စံတော်မူကြပြီနောက် မကြာမီပင် ရဟန်းအပေါင်းခြံရံလျက်မဟာလ ခရီးအဝန်းဖြင့် ဒေသစာရီ ကြွချီတော်မူ ဥက္ကစေမြို့သို့ ဆိုက်ရောက်တော်မူသောအခါ

ထိုမြို့၌ ဆွမ်းခံလှည့်လည်တော် မူပြီးနော်က် ဂင်္ဂါ မြစ်သဲသောင်ပြင်ဝယ် ရဟန်းတော်တို့အား ဥက္ကစေလသုတ်ကို ဟောတော်မူလေသည်(ထိုသုတ်အကျယ်ကို ပိဠကတ်မြန်မာပြန် မဟာဝဂသံယုတ် စာမျက်နှာ ၁၄၆.၇.၈ တို့၌ ကြည့်ရူမှတ်ယူရာ၏ ဤကား အဂ္ဂသာဝကမထေရ်နှစ်ပါးအကြောင်းတည်း။
ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်