(၁၁၁)သူကြွယ်ဘဝ



တဖန် နတ်ပြည်မှ စုတေလတ်၍ ဘဒကပ်ကမ္ဘာဝယ် ကောဏာဂုံမြတ်စွာဘုရား ကဿပမြတ်စွာဘုရား ဘုရားရှင်နှစ်ဆူတို့၏ အကြားကာလ ဗုဒန္တရခေတ်အချိန်၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်၌ ဖြစ်ပြန်လေ၏ ထိုသူကြွယ်သည် ကြီးပြင်း၍ အိမ်ရာတည်ထောင် လူတို့ဘောင်၌ နေစဉ် တနေ့သ၌ တောအရပ်သို့ အညောင်းပြေ ခြေလျင်ခရီးသွားလေ၏ ထိုအချိန်၌ ပစ္စေကဗုဒါအရှင်မြတ်တပါးသည် မြစ်ကမ်းအနီး၌ သင်္ကန်းချုပ်နေစဉ် အနားပတ်မလောက်ရကား ထိုချုပ်လက်စသင်္ကန်းကို ခေါက်၍ထားရန်စီမံအားထုတ်တော်မူလေ၏
သူကြွယ်သည် ပစ္စေကဗုဒါအရှင်မြတ်ကို မြင်လတ်၍ အရှင်ဘုရား အဘယ်ကြောင့် သင်္ကန်းကို ခေါက်၍ထားတော်မူကြပါသနည်းဘုရား ဟု မေးမြန်းလျှောက်ထားလေ၏
ပစ္စေကဗုဒါအရှင်မြတ်က ဒါယကာ..အနားပတ်မလောက်၍ ခေါက်ထားကြ၏ ဟု မိန့်တော်မူလေလျှင် သူကြွယ်သည် အရှင်ဘုရားအဝတ်ဖြင့် အနားပတ်ချုပ်လုပ်တော်မူကြပါဘုရား ဟုလျှောက်ထား၍ မိမိ၏အဝတ်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် ဖြစ်လေရာရာ သံသရာဘဝ၌ ငါ့အဖို့ရာ တစုံတခုသော အသုံးအဆောင်မြင့်မျှ ယုတ်လျော့ခြင်းမည်သည် မဖြစ်ပါစေသား ဟု ဆုတောင်းပတ္ထနာမူ ပြုလေ၏
ထိုနောက် သူကြွယ်၏ အိမ်မှာလည်း သူကြွယ်၏ နှမနှင့် သူကြွယ်၏မယားတို့ အချင်းချင်း ခိုက်ရန်ငြင်းခုံးမူ ပြုနေကြစဉ် ပစ္စေက ဗုဒါ အရှင်မြတ်တပါးသည် ဆွမ်းခံကြွဝင်တော်မူလာလေ၏ ထိုအခါ သူကြွယ်၏နှမသည် ပစ္စေကဗုဒါအရှင်မြတ်အား ဆွမ်းလှူပြီးလျှင် သူကြွယ်၏မယားကို ရည်ညွှန်း၍
သို့သဘောရှိသော အမိုက်မကို ယူဇာနာတရာကပင် ရှောင်ကြဉ်နိုင်သည့်ကိုယ်ဖြစ်ရပါလို၏ ဟု ဆုတောင်းပတ္ထနာမူ ပြုလေ၏ သူကြွယ်၏ မယားသည် အိမ်တံခါးဝ၌ ရပ်တည်ရင်းက ထိုအသံကို ကြားရ၍  သူမလှူဒါန်းအပ်သောဆွမ်းကို ပစ္စေကဗုဒအရှင်မြတ်သည် မဘုဉ်းပေးပါစေသတည်း ဟု ကြံစည်အောက်မေ့ကာ သပိတ်ကိုယူ၍ ဆွမ်းကို စွန့်သွန်လိုက်ပြီးလျှင် ရွံ့ညွန်အပြည့်ထည့်၍ ဟယ်အမိုက်မ သင်သည် ငါ့ကို ဆဲရေးလိုမူလည်းဆဲရေးပါတော့ ရိုက်ပုတ်လိုမူလည်း ရိုက်ပုတ်ပါတော့ နှစ်သင်္ချေကြာ ပါရမီတို့ကို ဖြည့်ဆည်းပူတော်မူပြီးသည့် သို့သောပစ္စေဗုဒ္ဓ္ဓအရှင်မြတ်၏ သပိတ်မှ ဆွမ်းကို စွန့်သွန်၍ ရွှံ့ညွန်အပြည့်ထည့်၍ ပေးရန်ကားမသင့်လျောက်ချေ ဟုဆုံးမစကားပြောကြားလေ၏ ထိုအခါမှာမှ သူကြွယ်မယားသည် ဆင်ခြင်တုံတရားကိုရရှိကာ အရှင်ဘုရား ရပ်တော်မူပါဦး ဟုလျှောက်ထားတောင်းပန်၍ ရွှံ့ညွန်ကို စွန့်သွန်ပြီးလျှင် သပိတ်ကို စင်ကြယ်အောင် ဆေးကြောပြီးနောက် နံ့သာမူန့်ဖြင့် ပွတ်တိုက်အဆင်း ဖြူဝင်းသော ထောက်ပတ်ကို လောင်ထည့်လျက်
ရောင်တလက်လက်ထွတ်အောင်ပြု၍  အရှင်ပစ္စေကဗုဒါ၏လက်၌ သပိတ်ကို ဆက်ကပ်ပြီးလျှင် ဆွမ်းသည် အရောင်တလက်လက် ထွတ်သည် ဖြစ်ပါစေသတည်း ဟု ဆုတောင်းပတ္ထနာမူ ပြုလေသည် ပစ္စေကဗုဒါအရှင်မြတ်သည် အနုမောဒနာမူ ပြုတော်မူ၍ ကောင်းကင်သို့ ပျံတက်တော်မူလေ၏ ထိုဇနီးမောင်နှံတို့သည်လည်း အသက်ရှည်သမျှ ကုသိုလ်ကောင်းမူ ပြုလုပ်ကြ၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏ တဖန် နတ်ပြည်မှ စုတေကြပြန်လေသော် သူကြွယ်ဥပါကာသည် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဗာရာဏသီပြည်ဝယ် ကုဠေရှစ်ဆယ်ကြွယ်ဝသော သူဌေးသားဖြစ်လာလေ၏ သူကြွယ်မယားသည်လည်း ထိုအတူပင် ကုဠေရှစ်ဆယ်ကြွယ်ဝသော အခြားသူဌေးတဦး၏သမီးဖြစ်လာလေ၏ ထိုသူဌေးသားအရွယ်ရောက်ကြီးပြင်းလားသောအခါ သူဌေးကတော်ပြုရန်အတွက် ထိုသူဌေးသမီးကိုပင် သူဌေးသားအိမ်သို့ ဆောင်ယူခဲ့ကြလေကုန်၏ ထိုသူဌေးသမီး၏ ရှေးကပြုခဲ့၍ အကျိုးမပေးခဲ့ရသေးသော ထိုအကုသိုလ်ကံ၏ ရှေးကပြုခဲ့၍ အကျိုးမပေးခဲ့ရသေးသော ထိုအကုသိုလ်ကံ၏ အာနုဘော်ကြောင့် အရှင်သခင် လင်ယောကျာ်းသူဌေးအိမ်သို့ ဝင်မိလျှင်ပင် တံခါးခုံအတွင်း၌ ရပ်မိလျှင်ရပ်မိခြင်း ထိုသူဌေးသမီ၏ တကိုယ်လုံးသည် ဝစ္စကုဠီကိုဖွင့်အပ်ဘိသကဲ့သို့ မကောင်းသေားအပုပ်နံ့ တထောင်းထောင်းထ၍ လာလေ၏ သူဌေးသားသည်  နံ့ကားအဘယ်သူ၏ အနံ့နည်း ဟု မေး၍ ယခုရောက်လာ သူဌေးသမိးကညာ၏ အနံ့တည်း ဟု ကြားသိလေလျှင် အပြင်သို့ထုတ်ကြ လော့ ဟု ပြောဆိုကာ ဆောင်ယူခဲ့ရင်း အခမ်းအနားအဆောင်အယောင်ဖြင့်ပင် ထိုသူဌေသမီးကို မိဖအိမ်သိုတဖန် ပြန်၍ပို့စေလေ၏ ထိုသူဌေးသမီးကိုသည် နည်းဖြင့်ပင် ခုနစ်ဌာနတို့၌ အိမ်တံခါးဝ တံခါးခုံအတွင်းသို့ ရောက်မှပင် မကောင်းသော အနံ့လှောင်းမူကြောင့် မိဖအိမ်သို့တဖန် ပြန်နစ်ခဲ့ရလေသည် အကုသိုလ်ကံများကား ကြောက်ဖွယ်ကောင်းလှလေစွာ့ ထိုစဉ်အခါ ကဿပမြတ်စွာဘုရားရှင် ပရိနိဗာန် စံလွန်တော်မူသဖြင့် ထိုဘုရားရှင်အတွက် လူအပေါင်းတို့သည် ရွှေသားစတိ သွန်ခုတ်အပ်သည့် အဖို့တသိန်းတန် ရွှေနီဖလံအုတ်တို့ဖြင့် တယူဇနာ အမြင့်ရှိသော ဓာတုစေတီတော်ကြီးကို စတင်တည်ထားကြလေကုန်၏ ထိုစေတီတော်ကြီးကို တည်ထားနေစဉ် ထိုသူဌေးသမီးသည် ငါကားခုနစ်ဌာနတိုမှ ပြန်နှစ်ခဲ့ရသူဖြစ်၏ ငါအဖို့ရာ အသက်ရှည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း ဟုကြံစည်မိကာ မိမိ၏ ကိုယ်အဆင်တန်ဆား ဘာအားလုံးကို ထုခွဲရောင်းချ၍ ရသောငွေဖြင့် အလျားတတောင် အနံတထွာ အထုလက်လေးသစ်ရှိသော ရွှေအုတ်တချပ်ကို သွန်းလုပ်စေလေ၏ ထိုနောက်မှာ သူဌေးသမီးသည် ထိုရွှေအုတ်နှင့်တကွ ဆေးဒန်း၏ မြင်းသီလာခဲကို၎င်း ကြာရှစ်လက်တိုကို၎င်း ယူဆောင်ပြီးသော် စေတီတော်တည်ရာအရပ်သို့ သွားရောက်လေ၏ ထိုခဏ၌ စေတီတော်ကြီးကို ရွှေအုတ်တထပ်ပတ်၍ စီခဲ့ရာဆက်မိဖို့ရန် ရွှေအုတ်တချပ်လိုနေ၏ သူဌေးသမီးသည် ပန်းရန်ဆရာကြီးကို ဆရာကြီးတို့ အုတ်တချပ်စာ လိုနေသောနေရာ၌ ကျွန်တော်မ၏ ရွှေအုတ်ကိုတည်ထားပေးကြပါလော့  ဟုဆိုလေ၏ ပန်းရန်ဆရာကြီးက  အိုအမိ သင်သည် အချိန်ကောင်း၌ လာရောက်ပေ၏ အမိကိုယ်တိုင်ပင် ထိုရွှေအုတ်ကိုတည်ထားပါလော့ ဟု အနုးအညွတ် ခွင့်ပြုလေသော် သူဌေးသမီသည် ထိုနေရာသိုတက်ရောက်၍ ဆီနှင့် ဆေးဒန်းမြင်းသီလာမှုန့်တို့ကို ရောစပ်ပြီးလျှင် ထိုအဖွဲ့အစေစဖြင့် မိမိ၏ ရွှေအုတ်ကိုတည်ထားပြီးနောက် ထိုအုတ်၏ အထက်၌ ကြာနံ့ သင်းပျံ့ကြိုင်လှိုင်ပါစေသတည်း ဟု တောင်းပတ္ထနာမူပြုပြီးလျှင် စေတီတော်ကို ရှိခိုးအရိုအသေပြုကာ မိမိအိမ်သို့ ပြန်သွားလေ၏ ထိုခဏမှာပင် (သူဌေးသမီးကို) ရှေးဦးစွာ အပို့အသခံရသော သူဌေးသား၏ စိတ်သန္တာန်ဝယ် သူဌေသမီးကို တအောက်မေ့မေ့ သတိရ၍ လာလေ၏ ဗာရာဏသီပြည်၌လည်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပဆဲဖြစ်၏ သူဌေးသားသည် မိမိ၏လူများကို ထိုစဉ်အခါ ဟိုတုန်းက ငါ့အိမ်သို့ ပို့သ ခေါ်ဆောင်လာသော သူဌေးသမီးကလေး တယောက်ရှိပါသည် ထိုသူဌေးသမီးကလေးသည် ယခုအခါ အဘယ်အိမ်၌ ရောက်၍နေသနည်း ဟု မေးလေ၏ သူဌေးသား၏လူများက အရှင်သူဌေးမင်း ထိုသူဌေးသမီးကလေးသည် သူ၏မိဖအိမ်မှာပင် ရှိနေပါသည် ဟု ပြောကြလေလျှင် သူဌေးသားသည် အမောင်တို့ ထိုသူဌေးသမီးကလေးကို သွားရောက် ခေါ်ဆောင်ကြပါလော့  ထိုသူဌေးသမီးကလေးနှင့် အတူတကွ ပွဲလမ်းသဘင်ပျော်ရွှင်ကြကုန်အံ့ ဟု ပြောဆို၍ အခေါ်လွှတ်လိုက်လေ၏ သူဌေးသား၏ လူများသည် သူဌေးသမီးကလေးထံသို့ သွားရောက်ကြ၍ သူဌေးသမီကလေးကို ရှိခိုးရပ်တည်ကြလေလျှင် သူဌေးသမီးကလေးက အမောင်တို့  အဘယ်အကြောင်း ကြောင့် လာရောက်ကြသနည်း ဟုမေးအပ်ကုန်ရကား ထိုအကြောင်းကို ပြန်ကြားပြောဆိုကြလေ၏ သူဌေးသမီးကလေးက အမောင်တို့ ပြန်ကြားပြောဆိုကြလေ၏  သူဌေးသမီးကလေး က အမောင်ကို ပူဇော်အပ်လေပြီ ငါ့မှာ ဆင်ယင်ဖွယ်သား၏ လူများသည် ပြန်သွား၍ သူဌေးသားက သူဌေးသားအား ထိုအကြောင်းကို ပြောဆိုကြလေကုန်၏ သူဌေးသားအား ထိုအကြောင်းကို ခေါ်သာခေါ်ဆောင်ခဲ့ကြပါ အဆင်တန်းဆာကို ရကြပါလိမ့်မည် ဟု ဝန်ခံစကားပြောကြားလေလျှင် ထိုလူများသည် သူဌေးသမီးကလေးကို သူဌေးသားအိမ်သို့ ခေါ်ဆောင်ခဲ့ကြလေ၏ တအိမ်လုံးသည် စန္ဒကူနံ့သာနံ့ ကြာညိုနံ့ သင်းပျံ့ ကြိုင်လှိုင်၍ နေလေ၏ သူဌေးသားသည် သူဌေးသမီးကလေးကို ပဌမအကြိမ် အိမ်သို့ လာရောက်စဉ်က သင်၏ကိုယ်မှ မကောင်းသောရနံ့ ခံတွင်းမှ ကြာညိုနံ့ သင်းပျံ့ကြိုင်လှိုင်၏ သို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟု မေးမြန်းလေ၏ သူဌေးသမီးကလေးသည် အစမှစ၍ မိမိပြုအပ်သော ကောင်းမူကံ အကြောင်းကို ပြန်ကြားပြောဆိုလေသော် သူဌေးသားသည် သြ ဘုရားမြတ်စွာ သာသနာကား သံသရာဝဠ် ဒုက္ခညွတ်မှ စင်စစ် ထွတ်မြောက်စေတတ်ပါပေစွာ့တကား ဟု သဒါကြည်ညို ပိုမိုဖြစ်ရှိကာ တယူဇနာရှိသော ရွှေစေတီတော်မြတ်ကို ကမလာသင်တိုင်း(ကတ္တိပါဝတ်လုံ)ဖြင့် ဝန်းဝိုင်းခြုံရုံပြီးလျှင် ထိုထိုနေ့ရာတို့၌ ရထားလှည်းဘီး ပမာဏရှိသော ရွှေပဒုမာကြာပန်းတို့ဖြင့် အဆန်းတကြယ် ကြည်ညိုဖွယ်ဖြစ်အောင် တန်းဆာဆင်လေ၏ တဆယ့်နှစ်တောင်ခန့် ပမာဏရှိကြကုန်
ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်