၁၁၆(နန္ဒရာဇ်မင်းဘဝ)


         
ထိုသူဌေးဇနီးမောင်နှံတို့သည် ထိုဘဝ၌ မမေ့မလျော့ကောင်းမူတို့ကို ပြုလုပ်၍ အသက်တမ်းအတိုင်းတည်နေကြပြီးလျှင် ထိုဘဝမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြလေ၏ နတ်ပြည်မှ တဖန် စုတေကြပြန်သော် သူဌေးသားသည် ဗာရာဏသီပြည်မှ တယူဇနာဝေးကွာသော အရပ်ဌာနဝယ် အမတ်မျိုး၌ ဖြစ်၍ သူဌေးသမီးသည်လည်း ဗာရာဏသီမင်းနန်းတော်ဝယ် အကြီးဆုံးသော မင်းသမီး ဖြစ်လာလေသည် ထိုသူနှစ်ယောက်ကို အရွယ်ရောက်ကြလေလျှင် အမတ်သား(နန္ဒ) နေရာရွာ ပွဲလမ်းသဘင် ဆင်ယင်ကျင်းပရန် ကြွေကြော်အပ်လေ၏ အမတ်သား မောင်နန္ဒသည် မိခင်းအမတ်ကတော်ကို အိုမိခင် ကျွန်ပ်အား အဝတ်ကို ပေးပါလော့ နက္ခတ်သဘင် ပျော်ရွှင်ကစားပါအံ့ ဟု အဝတ်အစား တောင်းရမ်းပြောဆိုလေ၏ မိခင်အမတ်ကတော် သားအားဖွင်လျှော်ပြီး အစာကျပြီးသော အဝတ်စုံကို ပေးလေလျှင် သားမောင်နန္ဒသည် အိုမိခင် ဝတ်စုံကားကြမ်းတမ်းထူထဲလှ၏ အခြားဝတ်စုံကို လဲလှယ်ပေးပြန်လေ၏
ထိုဝတ်စုံကိုလည်း ကြမ်းတမ်းထူထဲလှ၏ ဟု ပယ်ပြန်သဖြင့် မိခင်သည် အခြားဝတ်စုံတစုံကို လဲလှယ်ပေးပြန်လေ၏ အမတ်မျိုးအိမ်၌ ငါ့တို့ အဖို့ရာ အဝတ်ထက် အထူးသဖြင့် နုးညံ့သော အဝတ်ကို ရရှိဖို့ရန် ဘုန်းကံ မရှိခေ ဟု ပြောဆိုလေ၏ ပြောဆိုလေ၏ ထိုအခါ သားဖြစ်သူ နန္ဒလုလင်သည် အိုမိခင် ထိုသို့ဖြစ်လျှင် အဝတ်ထက် နုးညံသော အဝတ်ကိုရရှိနိုင်ရာအရပ်သို့ ကျွန်ပ်သွားပါတော့အံ့  ဟုပြောဆိုလေသော် မိခင်သည် အိုချစ်သား ငါမိခင်သည် ယနေ့ပင် သင်ချစ်သား အဖို့ရာ ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ရခြင်းကို အလိုရှိပါသည် ဟု ခွင့်ပြုသည့် မင်္ဂလာအတိတ်စကား ပြောကြားလေ၏  နန္ဒလုလင်သည် မိခင်ကိုရှိခိုးပြီးလျှင် အိုမိခင် အကွန်ပ်သည် သွားပါတော့မည် ဟု ခွင့်ပန်စကား ပြောကြာားလေ၏ မိခင် ဖြစ်သူကလည်း အသာတကြည် ချစ်သာ သွားလော့ ဟု ခွင့်ပြုစကားပြောကြားလေ၏  ထိုသို့ပြောကြားသော မိခင်၏ စိတ်မှာ ငါ့သားသည် အခြား အဘယ်အရပ်သို သွားလိမ့်မည်နည်း သွားစရား အခြားအရပ်မရှိချေ ငါ၏ အိမ်မှာပင် အရပ် ထိုအရပ်၌ နေပေလိမ့်မည် ဟု ကြံစည်အောက်မေ့မိ၍ ထိုသို့ အာသာတကြည် ခွင့်ပြုစကား ပြောကြားလိုက်ခြင်းဖြစ်သည် နန္ဒလုလင်သည်ကား ကုသိုလ်ကံ လှုံ့ ဆော်ချက်ဖြင့် မိမိတို့ရွာမှာ ထွက်ခဲ့၍ ဗာရာဏသီပြည်သို့ သွားရောက်ကာ ဥယျာဉ်တော် အတွင်း မင်္ဂလာကျောက်ဖျာထက်၌် ဦးခေါင်းကိုပါလွှမ်းခြုံလျက် လျောင်းစက်ကာနေလေ၏ ထိုနေ့သည်ကား ဗာရာဏသီမင်းနတ်ရွာစံပြီးနောက် ခုနစ်ရက်မြောက်သောနေ့ ဖြစ်လေသည် အမတ်တို့သည် မင်းကြီး၏ ဈာပနကိစ္စကို ရွတ်ဆောင်ပြုလုပ်ကြပြီးလျှင် မင်းယင်ပြင် (နန်းတော်မြေကွက်လပ်) တညီတညွတ်တည်း စည်းဝေးကြ၍ ပြည့်ရှင်မင်ကြီးမှာ သမီးတော်တပါးသားလျှင် ထွန်းကာဖြစ်ပေါ်ခဲ့၏ သားတော် ဟူ၍ မဖြစ်ပေါ်ခဲ့ချေ မင်းမဲ့သော တိုင်းပြည်မည်သည်  မသင့်လျော်ချေ အဘယ်သူသည် မင်းဖြစ်မည်နည်း မင်းပြုမည်နည်း ဟု ဆွေးနွေးတိုင်ပင်ကြလေသော် အသင်သည် မင်းဖြစ်ပါ မင်းပြုပါ အသင်သည် မင်းဖြစ်ပါ မင်းပြုပါ ဟု တယောက်သည်တယောက်ကို လွှဲချစကား ပြောကြားကြကုန်၏ ထိုအခါပုရောတိတ်ပုဏားကြီးကာ ငါတို့သည် အများကို ကြည့်နေရန် မသင့်ချေ ဖုံဿရထား မင်လောင်းရှာသော မင်္ဂလာရထားကို လွှတ်ကြကုန်အံ့ ဟု ဆုံးဖြတ်စကား ပြောကြားလေ၏ အမတ်တို့သည် အားလုံး သဘောတူညီကြ၍ ကုဒုဒြာကြာဖြူ အဆင်းရှိသည့် သိန္ဒောမြင်းလေကောင်တိုကိုက မင်းမြှောက်တန်းဆာငါးပါးကို ရထား၏ နောက်မှ တူရိယာ ငါးမျိုးတိုကို တီးမှုတ် စေကာ စစ်အင်္ဂါေးပါးဖြင့် လိုက်ပါကြကုန်၏ မင်္ဂလာဖုဿရထားသည် မြို့တော် အရှေ့တံခါးမှ ထွတ်၍ မင်္ဂလာဥယာဉ်တော်ဖက်သို့ ရှေ့ ရူအကျင့်လေ၏ အချို့လူများက ရထားသည် သွားနေကျအလေ့အကျင့်ရ၍ ဥယာဉ်သို့ ရှေးရူသွားနေသည်  ပြန်နစ်စေကြကုန်စို့လား ဟု ပြောဆိုကြ လေလျှင် ပုရောဟိတ်ပုဏားကြီးက မနစ်စေကြလင့် ဟု တားမြစ်စကားပြောကြားလေ၏ ဖုဿရထားသည် မင်္ဂလာဥယာဉ်တော် အတွင်းသို့ဝင်ရောက်ကာ နန္ဒလုလင်ကို လကျာ်ရစ်လှည့်၍ စီးနင့်ဖို့ရန် အရံသင့်စီးမံပြီးဖြစ်လျက် ရပ်တည်လေ၏ ပုရောဟိတ်ပုဏားကြီးသည် နန္ဒလုလင်ခြုံရုံထားသော အဝတ်အနားကိုလှပ်၍ ခြေဖဝါးအပြင်တို့ကို ကြည့်ရူဆင်ခြင်လျက် ဇမူဒိပ်ကျွန်းသည်ရှိစေဦးတော့ မင်းလောင်းကား ကျွန်ငယ်အရံနှစ်ထောင်ရှိသော လေးကျွန်းလုံးတို့၌ပင် ဘုန်းမီးထိန်လျှက် မင်းပြုရန် လျောက်ပက်သူ ဖြစ်လေသည် ဟု နှုန်မြွက်ပြောဆို၍ နော်က်တကြီမတူရိယာများကို တီးမှုတ်ကြလော့ ဟု သုံးကြီမ်တိုင်တိုင် တူရိယာတို့ကို တီးမှုတ်စေလေ၏ ထိုအခါ နန္ဒလုလင်သည် မျက်နှာကို ဖွင့်၍ ကြည့်ရူပြီးလျှင် မှူးမတ်တို့နှင့် အတုံ့ အပြန်စကား ပြောဆိုသည်မှာ (နန္ဒ) အဘယ်အမူကိစ္စဖြင့် လာရောက်ကြသနည်း(မှူးမတ်များ) အရှင်မင်းမြတ် အရှင်မင်းမြတ်တို့ထံသို့ ဗာရာဏသီမင်းအဖြစ်သည် ဆိုက်ရောက်လာပါ၏(နန္ဒ)ပြည့်ရှင်မင်းကြီးကား အဘယ်အရပ်၌နည်း (မှူးမတ်များ) နတ်ရွားစံလွန်တော်မူပါပြီအရှင်(နန္ဒ)ပြည့်ရှင်မင်းကြီး နတ်ရွာစံပြီးနောက် ယခုရက်ပေါင်းအဘယ်မျှတို့ လွန်ခဲ့ကုန်ပြီးနည်း (မှူးမတ်များ) ယနေ့ဆိုလျှင် ခုနစ်မြောက် ဆိုက်ရောက်ခဲ့ပါပြီး (နန္ဒ)နတ်ရွာစံမင်းကြီးမှာ သားတော်၎င်း သမီးသော်၎င်း မရှိဘူးလော
 သို့ မှူးမတ်တို့ကာ လျှောက်ထားကြာလေလျှင် နန္ဒလုလင်သည် ထိုသို့ဖြစ်လျှင် ငါသည် ဗာရာဏသီမင်းအဖြစ်ကို ပြုလုပ်ပေအံ့ ဟု လက်ခံစကား ပြောကြားလေ၏ အမတ်တို့သည် ထိုခဏမျာပင် အဘိသိက်မပ် ဆောက်လုပ်၍ မင်းသမီးကို အဆင်တန်းဆာ အပြည့်အစုံ  ဆင်ယင်ပြီးလျှင် ဥယာဉ်သို့ ခေါ်ဆောင်ခဲ့ကြပြီးနော်က် န္ဒသတို့သားအား ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းကြကာ ဗရာဏသီမင်းအဖြစ်သို့ တင်မြှောက်ကြလေ ကုန်၏ ထိုနောက် ရာဇအဘိသိက်ရေချမ်း သွန်းဖျန်းပြီးသော နန္ဒမင်းအား အဖိုးတထောင်တန်သော ဝတ်လဲတော်ကို ဆက်သကြကုန်၏ နန္ဒမင်းက အမောင်တို့ အဝတ်ကား အဘယ် အဝတ်နည်း ဟုမေး၍ မှူးမတ်တိုက အရှင်မင်းကြီး ဝတ်ဆင်တော်မူရန် ဝတ်လဲတော်အစုံဖြစ်ပါသည်ဘုရား ဟု လျှောက်ထားအစုံသည် ထူထဲကြမ်းတမ်းလှသည်မဟုတ်လော ဝတ်လဲတော်မှတပါး အခြားနုးညံ့သော ဝတ်လဲတော်များ မရှိတော့ဘူးလော ဟု မေးမြန်းလေ၏ မှူးမတ်တို့က အရှင်မင်းကြီး လူတို့သုံးဆောင်ကြသော အဝတ်များ၌ ဝတ်လဲတော်ထက် အထူးသဖြင့် နုးညံ့သော အဝတ်ဟူ၍ မရှိတော့ပါဘုရား ဟု လျှောက်ထားကြာလေလျှင် နန္ဒရာဇ်မင်းသာ် အမောင်တို့၏ နတ်ရွာစံပြည့်ရှင်မင်းကြီးသည် သို့သောဝတ်လဲတော်များကို ဝတ်ဆင်ခဲ့ပါသလော ဟု မေးမြန်းလေ၏ မှူးမတ်တို့က မှန်ပါသည် အရှင်မင်းကြီး ဟူ၍ ပြန်ကြား လျှောက်ထားကြလေလျှင် နန္ဒရာဇ်မင်းသည် အမောင်တို့၏ နတ်ရွာစံ ပြည့်ရှင်မင်းကြီးသည် ဘုန်းကံကြီးမားသာ မဟုတ်ယောင်တကား ရွှေကရားကိုယူဆောင်ခဲ့ကြလော့ အလွန်နုးညံ့သောအဝတ်ကို ငါတို့ရကြပါလိမ့်မည် ဟုမိန့်ဆိုလေ၏ မူးမတ်တို့သည် ရွှေကရားကို ယူဆောင်ဆက်သကြလေကုန်၏ နန္ဒရာဇ်မင်းသည် နေရာမှထ၍ လက်ဆေးပါးလုပ်ကျင်းပြီးလျှက လက်ခုပ်ဖြင့် ရေကို ယူဆောင်၍ အရှေ့မျက်နှာအရပ်၌ မြှောက်ကြဲလိုက်လေ၏ ထိုခဏမှာပင် တခဲနက်သော မဟာပထဝီ မြေကြီးကို ဖောက်ခွဲ၍ ပဒေသာပင်ရှစ်ပင်တို့ပေါ်တက်၍ လာလေကုန်၏ တဖန် ရေကို ယူပြန်၍ တောင်အရပ် နောက်အရပ် မြောက်အရပ်တို့၌ အစဉ်အတိုင်းမြှောက်ကြဲပြန်လေလျှင် ပဒေသာပင်  ရှစ်ပင်စီ ရှစ်ပငါစီ ပေါ်တက်၍ လာလေကုန်၏ သို့ လျှင် အရပ်လေးမျက်းနှာတို့၌ ပဒေသာပင်ပေါင်းသုံးဆယ့်နှစ်ပင်တို့ ပေါ်တက်၍ လာလေကုန်၏ နန္ဒရာဇ်မင်းသည် နတ်၌ဖြစ်သော အဝတ်တထည်ကိုဝတ်၍ တထည်ကို ရုံပြီးလျှင် နန္ဒမင်း၏ နိုင်ငံတော်အတွင်း၌ ဗိုင်းငင်ချည်ဝင့်သော မိန်းမများသည် ဗိုင်းငင်ချည်ဝင့်မူကို မပြုကုန်လင့်ဟု ကဲ့သို့ စည်လည်စေကြကုန်လော့ ဟု မိန့်ဆိုပြီးလျှင် ဆင်ကျောက်ကုန်းထက်၌ စီးနင်းလိုက်ပါကာ မြို့တော်သို့ဝင်၍ ပြာသာဒ်မသို့တက်ရောက်ပြီးလျှင် ကြီးစွာသော မင်းစည်းစီမ်ကို ခံစားသုံးဆောင်တော်မူလေ၏ ဤကဲ့သို့ နန္ဒရာဇ်မင်း ကြီးစွာသော မင်းစည်းစိမ်ကို ခံစံ၍ကာလအတန်ကြာလတ်သော် တနေ့သ၌ မိဖုရားကြီးသည် နန္ဒရာဇ်မင်း၏ ကြီးစွာသောမင်းစည်းစိမ်ကို ရူကြည့်လျက်  သြ ကုသိုလ်ကောင်းမူ အသစ်မပြုရငြား ခေါင်းပါးတိ တကား ဟူသော သဘောဖြင့် သနားသော အခြင်းးအရာကို ပြလေ၏ မင်းကြီးက အရှင်မိဖုရားကြီး ဤ သို့ သနားသောအခြင်းအရာကိုပြခြင်းသည် အဘယ့်ကြောင့်နည်း ဟု မေးလေလျှင် မိဖုရားကြီးသည် အရှင်မင်းကြီး အရှင်မင်းကြီး၏ စည်းစိမ်ကား ကြီးကျယ်လှဘိ၏ ရှေ့အခါက ဘုရားရှင်တို့အား သဒ္ဓါယုံကြည်၍ ကောင်းမူကိုပြုခဲ့သည် ဧကန်မှန်ပေ၏ ယခုအခါ၌ မူ အနာဂတ်ကာလာချမ်းသာကြောင်း ကောင်းမူကုသိုလ်ကို အရှင်မင်းကြီးတို့သည် မပြုကြကုန် ဟု သတိပေးစကား ပြောကြားလေ၏ အဘယ်သူအားငါ့တို့ လှူကြရမည်နည်း သီလရှိသူ အလှူခံပုဂ္ဂိုလ်တို့သ်ည် မရှိကုန် ဟု မင်းကြီးက မိန့်ဆိုလေလျှင် မိဖုရားကြီးသည် အရှင်မင်းကြီး ဇမ္ဗူဒိပ်ကျွန်းသည် လှူဘွယ်ဝတ္ထုကိုသာ စီမံတော်မူကြပါလော့ ဘုရားကျွန်းတော်မသည် ပူဇော်အထူးခံထိုက်သူ အလှူခံပုဂ္ဂိုလ်တို့ကို ရအောင် ကြံဆောင် ပင့်ဖိတ်ပေးပါမည် ဟု ရဲရဲ တောက်စကား လျှောက်ထားလေး၏
မင်းကြီးသည် နောက်တနေ့၌ မြီု့တော်အရှေ့တံခါးဝယ် အလှူဝတ္ထုမျုားကို စီမံစေလေ၏ မိဖုရားကြီးသည် စောစောစီးစီးပင် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်၍ ပြာသာဒ်မအထက်၌ အရှေ့မျက်နှာသို့ရှေးရူ ရင်ဖြင့် ဝပ်တွားလျက် ဤအရှေ့ဖတ်အရပ်မျက်နှာ၌ ရဟန္တာသခင် အရှင်တို့ ရှိတော်မူကြပါလျှက် နက်ဖြန်ခါကြွရောက်လာကြ၍ တပည့်တော် တို့၏ ဆွမ်းကို အလှူခံတော် မူကြပါကုန်ဘုရား ဟူ၍ ပင့်ဖိတ်လျှော က်စကား ပြောကြားလေ၏ အရှေ့အရပ်၌ ရဟန္တာပုဂ္ဂိုလ်များ မရှိသဖြင့် ကြွမလာကုန်  ထို့ အလှူဝတ္ထုများကို အထီးကျန်ကပ္ပါး ဖုန်းတောင်းယာစကာများအား ပေးလှူကြရလေကုန်၏ နောက်တနေ့၌ မြီု့တော်တောင်တံခါးဝယ် အလှူဝတ္ထုများ စီရင်၍ ထို့အတူပင် ပြုပြန်လေသည်း နောက်တနေ့၌ အနောက်တံခါးဝယ် အလှူဝတ္ထုများစီးရင်၍ ထို့အတူပင် ပြုပြန်လေသည် ထိုတောင်အရပ် အနောက်အရပ်တို့၌ ရဟန္တာပုဂ္ဂိုလ်းများ မရှိကြသဖြင့် ကြွမလာကြကုန်
လေးရက်မြောက်နေ့ဝယ် မြီု့တော်မြောက်တံခါး၌ လှူဖွယ်ဝတ္ထုများ  မိဖုရားကြီးက ရှေးနည်းအတူ ပင့်ဖိတ်အပ်သည်ရှိသော် ဟိမဝန္တာ၌ နေတော်မူကြသော ပဒုမဝတီမိဖုရားကြီး၏သားတော် ပစ္စေကဗုဒ္ဓါ ငါးရားတို့အနက် နောင်တော်ကြီးဖြစ်သော မဟာပဒုမပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ညီတော်ပစ္စေကဗုဒ္ဓါ အရှင်ြုမတ်တို့ကို ငါ့သို့ရူအပ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ နန္ဒာရာဇ်မင်းကြီးသည် သင့်တို့ကို ပင့်ဖိတ်လေသည် ထို နန္ဒရာဇ်မင်းကြီး၏ ပင့်ဖိတ်ချက်ကို လက်ခံသာယာကြပါလော့ ဟု မိန့်ဆိုတော်မူလေ၏ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ခံသာယာ၍ နောက်တနေ့ဝယ် အနောက်တတ်အိုင်၌ မျက်နှာတော်သစ်ကြပြီးလျှင် ကောင်းကင်းခရီးဖြင့် ကြွလာ၍ မြို့တော်မြောက်တံခါး၌ မြေ့သို့ သက်ဆင်းတော်မူကြလေကုန်၏ မြို့သူမြို့သား လူအများတို့သည် မင်းကြီးထံသွားကြ၍ အရှင်မင်းမြတ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရားတို့ ကြွလာတော်မူကြပါပြီ ဟု မင်းကြီးအား လျှောက်ထားကြလေကုန်၏ မင်းကြီးသည် မိဖုရားကြီးနှင့် အတူတကွ သွားရောက်ကြိုဆို ရှိခိုးကာ သပိတ်ကို ကိုင်ယူ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့ကို ရွှေနန်းတော်ပြာသာဒ် ထက်သို့ ပင့်ဆောင်ပြီးလျှင် ထိုနန်းမပြာသာဒ်၌ ပစ္စေဗုဒ္ဓါ အရှင်မြတ်ငါးရာ တို့အား ကြီးစွာသော အလှူဒါနကိုပေးလှူကြပြီးလျှင် ဆွမ်းကိစ္စပြီးဆုံးသောအခါဝယ် မင်းကြီးက သံဃမထေရ်၏ ခြေတော်ရင်း၌ ဝပ်စင်း၍၄င်း မိဖုရားကြီးက သံဃနော အငယ်ဆုံးသံဃာ၏ ခြေတော်ရင်း၌ ဝပ်စင်း၍၄င်း အရှင်မြတ်များ တပည့်တော်တို့ဥယျာဉ်၌ သီတင်းသုံးနေတော်မူကြပါလျှင် အရှင်မြတ်တို့မှာ ပစ္စည်းလေးပါးဖြင့် မပင်မပန်းချမ်းသာတော်မူကြပါလိမ့်မည်  တပည့်တော်များ မှာလည်း ကုသိုလ်ကောင်းမူဖြင့် မယုတ်မလျော့ ကြီးပွါးကြရပါလိမ့်မည် သို့ပါ၍ တပည့်တော်များ၏ ဤဗာရာဏသီပြည် ဥယျာဉ်အတွင်း၌  သီတင်းသုံးနေထိုင်တော်မူကြရန် ပဠိညာဉ်ဝန်ခံချက်ကို ပေးသနားတော်မူကြပါဘုရား ဟု လျှောက်ထားတောင်းပန်း၍ ဝန်ခံချက် ပဠိညာဉ်ကို  ရယူပြီးလျှင် မင်္ဂလာဥယာဉ်တော် အတွင်း၌ သင်္ခကျောင်းငါးရာ စင်္ကြငါးရာ စသည်စုံအောင် နေရာထိုခင်းတို အပြည့်အဝ စီမံကြ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ငါးရာတို့ကို ထိုဥယာဉ်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြစေကာပစ္စည်း လေးပါးတိုဖြင့် မငြို ငြင် မပင်ပန်းအောင် ပြုစုကြလေကုန်၏ ဤသို့ ပြုစု၍ ကာလအတန်ကြာလတ်သော် မင်းကြီး၏ တိုင်းစွန်ပြည်နား နယ်ဖျားအရပ်သည် လှုပ်ရှားထကြွ သောင်းကျန်း၍ တိုင်းစွန်ပြည်နား နယ်ဖျားအရပ်ကို သူပုန်ရန်ဘေး ငြိမ်းအေးအောင် သွားပေးအံ့ ရှင်မိဖုရားသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၌ ပြုစုရန် မမေ့မလျော့လင့် ဟု မှာထား၍ သွား၏ မိဖုရားကြီးသည်လည်း မင်းကြီးမှာထားသည့်အတိုင်း ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို မမေ့မလျော့ ပစ္စသည်းလေးပါးတို့ဖြင့် ပြုစုလေ၏ ထိုသို့ပြုစု၍ ရက်အတန်ကြာသော် မင်းကြီးပြန်မလာမီပင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ အာယုသင်္ခါရ ဇီဝိတသန္တာန်အစဉ်တို့သည် ကုန်ခဲ့လေကုန်ပြီ သို့ရကား နောင်တော် အကြီးဖြစ်သော မဟာပဒုမ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ညဉ့်သုံးယံပတ်လုံး ဈာန်ဝင်စား၍ အရုဏ်တက်သောအချိန်၌ တံကဲပျဉ်ကို မှီတော်မူကာ ရပ်တော်မူလျက်သာလျှင် အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံတော်မူလေး၏ ဤနည်းအားဖြင့် ကြွင်းကျန်သော ပစ္စေကဗဒ္ဓါ အရှင်မြတ်တို့သည်လည်း ပရိနိဗ္ဗာန် ဝင်စံတော် မူကြလေကု န်၏ နောက်တနေ့၌မိဖုရားကြီးသည် ပစ္စေကဗုဒါအရှင်မြတ်တို့အတွက် နေထိုင်ရာအရပ်ကို နွားချေးဖြင့် လိမ်းကျံစေခြင်း ပန်းမာလ်တို့ကို ကြဲဖြန့်ခြင်း အထုံးအခိုးပေးခြင်းများကို ပြုလုပ် အရှင်ပစ္စေဗုဒါတို့ ကြွအလာကို စောင့်မျှော် တိုင်နေပါသော်လည်းကြွလာမည့်အရိပ်ကို တွေမထင် မမြင်ရကား မင်းချင်းယောကျာ်းတယောက်ကို ချစ်သား သွားရောက်၍ စုံစမ်းလော့ အရှင်မြတ်တို့ အဖို့ရာ တစုံတရာ မချမ်းသာမူ မကျန်းမာမူများဖြစ်ရှိလေသလော ဟု ပြောဆိုစေလွှတ်လေ၏ မင်းချင်းယောကျာ်းသည် ဥယာဉ်တော်သို့သွား၍ မဟာပဒုမပစ္စေကဗုဒါအရှင်မြတ်၏ သင်္ခမ်းကျောင်းတံခါးကွိုင့်၍ ကြည့်ရူလေလျှင် သင်္ခမ်းကျောင်း၌ မတွေ့မမြင်ရကား စင်္ကြသို့ သွားရောက်၍ မှီရာတံကဲပျဉ်ကို မှီလျက် ရပ်တည်နေသည်ကို တွေ့မြင်ကာ ရှိချုးပြီးလျှင် ဆွမ်းဘုဉ်းပေးချိန်တန်ပါပြီ အရှင်ဘုရားဟု ပင့်လျှောက်လေ၏ ပရိနိဗာန် စံပြီးသောဥတုဇရုပ်ကိုယ်ကား အဘယ်မှာလျှင် စကားတုံ့ပြန်ပြောတော့မည်နည်း မပြောတော့သည်သာ မင်းချင်းယောကျာ်းသည် ကျိန်းစက်တော်မူနေသည် ထင်ပါရဲ့ ဟု အောက်မေ့၍ အနီးသို့ သွားရောက်ကာ ခြေဖမိုးတော်၌ လက်ဖြင့်စမ်းသပ်ကြည့်ရူလေသော် ခြေများအေးနေခြင်း တောင့်တင်းနေခြင်းကြောင့် ပရိနိဗန် စံပြီးဖြစ်ကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးလျှင် ဒုတိယအရှင်မြတ်ထံသို့ သွားရောက်ပြန်လေ၏ နည်းအတူပင် တတိယ အရှင်မြတ်ထံသို့သွားရောပြန်လေ၏ သို့သွားရောက်စုံစမ်း၍ အလုံးစုံသော ပစ္စေကဗုဒါအရှင်မြတ်တို့ ပရိနိဗာန် စံပြီးဖြစ်တော်မူကြကြောင်းကို ကောင်းစွာရိပ်မိ သိရှိပြီးနောက် နန်းတော်သို့ပြန်အရောက်တွင် မိဖုရားကြီးက အမောင် ပစ္စေကဗုဒ အရှင်မြတ်တို့သည် အဘယ်နည်း ဟု မေးမြန်းသဖြင့် ထိုမင်းချင်းယောကျာ်းသည် အရှင်မိဖုရား ပစ္စေကဗုဒါအရှင်မြတ်တို့သည် ပရိနိဗာန်ဝင်စံတော်မူကြပါပြီ ဟု ပြန်ကြားလျှောက်ထားလေး၏ မိဖုရားကြီးသည်  သည်းစွာငိုကြွေးမြည်တမ်းကာ မြို့မှထွက်၍ မြို့သူ မြို့သားတို့နှင့် အတူတကွ ဥယာဉ်သို့ သွားရောက်၍ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပလျက် ပစ္စေကဗုဒါအရှင်မြတ်တို့၏ သရီရဈာပန ကိစ္စ ပြုလုပ်ပြီးသော် ဓာတ်တော်တို့ကို ယူဆောင်၍ စေတီတော် တည်းထားစေလေ၏ မင်းကြီးသည် တိုင်းစွန်ပြည်နားနယ်ဖျားဒေသ ပစ္စန္တအရပ်ကို ငြိမ်းအေးစေပြီး၍ တိုင်းပြည်သို့တဖန် ပြန်လာ လတ်သော် ခရီးဦးအကြိုအဆို လာရောက်သော မိဖုရားကြီးကို တွေ့မြင်လျှင်တွေ့မြင်ခြင်း ရှင်မိဖုရား ပစ္စေကဗုဒါ အရှင်မြတ်တို့၌ မမေ့မလျော့ ပြုစုပါ၏ လော အရှင်မြတ်တို့သည် ရောဂါဘယ ကင်းကြပါ၏လော ဟုမေးသဖြင့် မိဖုရားကြီးက အ ရှင်မင်းမြတ် ပရိနာန် ဝင်စံတော်မူကြပါပြီ ဟုပြန်ကြားလျှောက်ထားလျှင် မင်းကြီးသည် သေခြင်းတရား ဖြစ်ပွါးတုံသေး၏ ငါ့တို့၏အဖို့ရာ အဘယ်မှာလျှင် သေခြင်းတရားမှ လွတ်မြောက်မူရှိနိုင်အံ့နည်း ဟုသံဝေဂ ဥာဏ်ဝင်ကာ ဆင်ခြင်စဉ်းစားတော်မူမိလေ၏  မင်းကြီးသည် မြိုတော်သို့မသွားတော့ပဲ ဥယျာဉ်တော်အတွင်းသို့သာ ဝင်တော်မူ၍ သားတော်ကြိးကို ခေါ်စေပြီးလျှင် ထီးနန်းစည်းစိမ်ကို လွှဲအပ်၍ ကိုယ်တိုင်ကမူ(သာသနာတွင်းရဟန်းတော်ကဲ့သို့) ရှင်ရဟန်းပြုလေ၏ မိဖုရားကြီးသည်လည်း နည်း မရှိတော့သည်သာ ဟု ဆင်ခြင်းစဉ်းစား၍ ထိုဥယာဉ် တော်၌ပင် ရဟန်းမ ပြုလေတော့၏ နှစ်ဦးလုံးတို့ပင် ဈာန်သမာပတ်တရားကို ဖြစ်ပွါးစေကြ၍ ထိုဘဝမှ စုတေကြသည်ရှိသော် ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေကုန်း၏

ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်