အရှင်မဟာကဿပမထေရ်အကြောင်း (မထေရ်မြတ်၏ရှေးဆုတောင်း)



        အရှင်မဟာကဿပမထေရ်အကြောင်း  (မထေရ်မြတ်၏ရှေးဆုတောင်း)လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူ၍ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ြပုတော်မူကာ ခေမ အမည်ရှိသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူလေလျှင် ဝေဒေဟ အမည်ရှိသော ကုဠေရှစ်ဆယ်ကြွယ်ဝသူဌေးတဦး (အရှင်မဟာကဿပ မထေရ်အလောင်း)သည် စောစောပင် မွန်မြတ်သောဘောဇဉ်ကို စားသုံးပြီးလျှင် ဥပုသ် ဆောက်တည်၍ နံ့သာ ပန်း စသည်ကို လက်စွဲလလျက် ကျောင်းတော်သို့ သွားရောက်ကာ မြတ်စွာဘုရားကို ပူဇော်ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏ ထိုအခါ ပဒုတ္တရ မြတ်စွာဘုရားသည် တတိယသာကဖြစ်သည့် မဟာနိုသဘ အမည်တော်ရှိသော မထေရ်မြတ်ကို ရဟန်းတို့ ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံး၍ သီတင်းသုံးဖော် သံဃာတော်တို့အားလည်း ဓုတင်အကျင့်မြတ်ကို ကျင့်သုံးကြရန် ဟောကြားပြသ ဆိုဆုံးမကြသည့် ငါဘုရား၏ တပည်သာဝကရဟန်းတို့အနက် နိသဘမထေရ်သည်အသာဆုံးအမြတ်ဆုံးဖြစ်ပေးသည် ဟု ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏ဝေဒေဟဥပါသကာသည် ထိုစကားကိုကြားရ၍ သဒ္ဓါရွှန်းစိုကြည်ညိုလျက် တရားစကား ဟောကြားအပြီးတွင် လူများအပေါင်းထသွားလတ်သော် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ မြတ်စွာဘုရား နက်ဖြန်ခါ တပည့်တော်၏ ဆွမ်းကို လက်ခံသာယာတော်မူပါဘုရား ဟု လျှောက်ထားလေ၏ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဒါယကာ .ရဟန်းသံဃာကား များလှဘိ၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ရဟန်းသံဃာသည် အဘယ်မျှ အတိုင်းအရှည်ပါသနည်းဘုရား ဟု လျှောက်ထား မေးမြန်းလေ၏ ပဒုမုတ္တရမြတ်စွာဘုရားက ဒါယကာ ခြောက်သန်း ရှစ်သိန်း အရေအတွက်ရှိ၏ ဟု မိန့်တော်လေလျှင် ဝေဒေဟဥပါသကာသည် မြတ်စွာဘုရား သာမဏေတပါးကိုမျှ လည်းကျောင်းတိုက်တော်၌ ချန်မထားပဲ ရဟန်းအားလုံနှင့်တကွ တပည့်တော်၏ ဆွမ်းကို လက်ခံသာယာတော်မူပါဘုရား ဟု ရဲရဲတောက် လျှောက်ထားလေ၏ ပဒုရတ္တရမြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ဝေဒေဟဥပါသကာ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏ဝေဒေဟဥပါသကာသည် မြတ်စွာဘုရား လက်ခံတော်မူကြောင်း ကောင်းစွာသိပြီးလျှင် အိမ်သို့ပြန်သွား၍ ကြီးစွာသော အလှူဒါနကို စီမံပြီးသော် နောက်တနေ့နံနက်၌ မြတ်စွာဘုရားအား ဆွမ်းဘုဉ်းပေကြွရန် အခါကို လျှောက်ကြားစေလေ၏ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ရဟန်းအပေါင်း ခြံရံအပ်လျက် ဝေဒေဟဥပါသကာ၏ အိမ်သို့ကြွသွားတော်မူ၍ ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူလျက် ရေစက်ချ အလှူပြီးဆုံးသောအခါ ယာဂုစသည်တို့ကို ခံတော်မူလျက် ဆွမ်းပို့မူ ဆွမ်းဘုဉ်းပေးမူကို ပြုတော်မူလေ၏ ဝေဒေဟဥပါသကာသည်လည်း မြတ်စွာဘုရား၏ အနီး၌ ထိုင်နေလျက် သဒ္ဓါကြည်ညိုတရား ပွါးများဖြစ်ရှိ၍ နေလေ၏ထို့နောက် မထေရ်မြတ်ကို လိုက်ပို့ပြီး ပြန်လာသော အခါ မြတ်စွာဘုရား၏အနီး၌ ထိုင်နေ၍ မြတ်စွာဘုရား မဟာနိသဘမထေရ်သည် မြတ်စွာဘုရား အိမ်တွင်းမှာ ထိုင်နေတော်မူလျက် ရှိပါသည်ဘုရား ဟု လျောက်ထားအပ်ပါသော်လည်း အိမ်းတွင်းသို့ မဝင်လိုပါ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလော ဟုမေးမြန်းလျောက်ထားလေ၏ ဘုရားရှင်တို့၏ သန္တာန်တော်မှာ ဂုဏ်ကျေးဇူးကို ဝန်တိုမူ ဝဏ္ဏမစ္ဆရိစယတရားဟူ၍ လုံးဝမရှိချေ သို့ရကား မြတ်စွာဘုရားသည် ဝေဒေဟဥပါသကာ မေးလျှောက်ပြီးသည်၏ အခြားမဲ့မှာပင် ဒါယကာ ငါ့တို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေ ကြကုန်၏ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့မြှော်မူ အလျှင်းပင်မပြုချေ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏ နိသဘထေရ်ကား တောကျောင်း၌ သာနေလေ့ရှိ၏ နိသဘမထေရ်ကား ဟင်းလင်းအပြင်လွင်တီးခေါင်၌သာလျှင် နေလေ့ရှိ၏ ဤသို့လျှင် ဤသည် ဤသည်ကား နိသဘမထေရ်၏ ဂုဏ်ကျေးဇူးအထူးများဖြစ်လသည်ဟု မဟာသမုဒြာကို ထပ်၍ ရေဖြည့်သကဲ့သို့ မထေရ်၏ ဂုဏ်ကျေးဇူးများကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏ ဝေဒေဟဥပါသကာသည် ပင်ကိုယ်ပကတိ အားဖြင့်လည်း ဆီမီးတောက်နေသည်ကို ဆီထပ်၍ လောင်းလိုက်သည့် အလားအတိုင်းထက်အလွန် သဒ္ဓ္ဓါကြည်ညိုဖြစ်ရှိကာ ငါ့အဖို့ရာ အခြားသော လူနတ်စည်းစိမ် စသည်ဖြင့် အဘယ်အကျိုးရှိအံ့နည်းတော်၌ ကိုယ်တိုင်ကလည်း ဓုတင်အကျင့်မြတ်ကို ကျင့်မြတ်ကို ကျင့် သုံးကြရန် ဟောကြားပြသ ဆိုဆုံမကြသော ဓုတဝါဒရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရပုဂ္ဂိုလ်ဖြစ်ဖို့ရန် ဆုပန်မူကို ငါပြုပေအံ့ ဟု ကြံစည်ဆုံးဖြတ်ချက် ချမှတ်လေတော့၏ဝေဒေဟဥပါသကာသည် တဖန်လည်းနောက်တနေ့အတွက် မြတ်စွာဘုရား အမူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းလေသည် ဤ နည်းဖြင့် ခုနစ်ရက်ကြာ မဟာဒါနကြီးကို ပေးလှူ၍ ခုနစ်ရက်မြောက် ရောက်သောနေ့၌ ဘုရားအမှူးရှိသော များစွာသော ရဟန်းအပေါင်းအား တိစီဝရိတ် (သင်္ကန်းသုံးထည်စီ) တို့ကို ဆက်ကပ်လှူဒါန်းပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း၍မြတ်စွာဘုရား တပည့်တော်၏ ခုနှစ်ရက်ကြာ မေတ္တာကာယကံ  မေတ္တာဝစီကံ မေတ္တာမနောကံများကို ဖြစ်ပွါးစေလျက် မဟာဒါန လှူဒါန်းရသော အကြင်ကောင်းမူ ကုသိုလ်အစုသည်ရှိပါ၏ ထိုကောင်းမူ ကုသိုလ်အစုကြောင့် တပည့်တော်သည် အခြားတပါးသော နတ်စည်းစိမ် သိကြားမင်းစည်းစိမ် မာရ်မင်းစည်းစိမ်ဗြဟ္မာမင်းစည်းစိမ် တခုခုကိုမျှ မကောင့်တပါ စင်စစ်သော်ကား တပည့်တော်၏ ဤကောင်းမူ ကုသိုလ်ကံသည် အနာဂတ နောက်ကာလဝယ် တဆူဆူသော မြတ်စွာဘုရား၏အထံတော်၌ မဟာနိသဘထေရ်သူမြတ် ရောက်အပ်သော ရာထူးဌာနန္တရသို့ ရောက်ဖို့ရန်
ဓုတင် တဆယ်သုံးပါးကို ကျင့်ဆောင်ကြသော ပုဂ္ဂိုလ်တို့အနက် အသာဆုံး အမြတ်ဆုံးဖြစ်ဖို့ရန် ဧကန်ရွက်ဆောင် ပြီးစေနိုင်သော ကောင်းမူး ကုသိုလ်ဖြစ်ပါစေတည်းဟုလျှောက်ဆိုဆုပန်လေ၏ ပဒုမုတ္တရမြတ်စွာဘုရားသည် ဤ ဝေဒေဟဥပါသကာကား ကြီးစွာသောအရာကို ပတ္တနာဆု သန်မူပြုအပ်လေပြီ ပြည်စုံလိမ့်မည်လော မပြည့်စုံလိမ့်မည်လော ဟု အနာဂတံသ ရွှေဥာဏ်တော်ဖြင့် ရှုမြော်တော်မူလေသော်
ဧကန်မချွတ်ပြည်စုံလိမ့်မည်ကို မြင်တော်မူ၍ ဒါယကာ သင်သည် နှစ်သက်ဖွယ်သော ရာထူးကို ပတ္ထနာဆုသန်အပ်ပြီး နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမ အမည်တော်ရှိသော မြတ်စွာဘုရားပွင့်ထွန်းတော်မူလိမ့်မည် သင်သည် ထိုဂေတမ မြတ်စွာ ဘုရား၏ တတိယသာဝက မဟာကဿပ မထေရ် အမည်ရှိသူ ဖြစ်လိမ့်မည် ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏ ထိုဗျာဒိတ်စကားကို ကြားရ၍ ဝေဒေဟဥပါသကာသည် ဘုရားရှင်တို့၏ အဖို့ရာ နှစ်မြွာစကားမည်သည် မရှိ ဟု သိရှိကာ ထိုတတိယ
 သာဝက ရာထူးစည်းစိမ်ကို နောက်တနေ့ရောက်ရမည့် စည်းစိမ်ကဲ့သို့ အောက်မေ့မှတ်ထင် ဝမ်းမြောက်လေ၏ ဝေဒေဟဥပါသကာသည် အသက်ရှည်သမျှ ကာလပတ်လုံး အထူးထူးသော အလှူဒါနကို ပေးလှူ၍ သီလကို စောင့်သုံးလျက် အခြားကောင်းမူကုသိုလ်များကိုလည်း ပြုလုပ်ကာ ထိုဘဝမှ စုတေလတ်သော နတ်ပြည်၌ ဖြစ်လေ၏

ရဟန်းနှင့်သံဃာ ကွဲပြားပုံ


ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှ အထက်ကိုသံဃာဟုခေါ်ပါသည် ။သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟုမှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊အရှင်မဟာကဿပ မှစ၍ သာသနာတစ်လျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ ၊ သံဃဿဒေမဟုဆို၍လှူရင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။ ထို့သို့သံဃာတော် အားလုံးကိုအာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည် ။

၁၀၅ (မဟာဧကသာဠကပုဏ္ဏားဘဝ)


ထို အခါမှ စ၍ နှစ်ပြည် လူပြည်တို့၌ စည်းစိမ်ကို ခံစံလျက်၍ ဤကမ္ဘာမှ လွန်ခဲ့သော (၉၁) ကိုးဆယ့် တကမ္ဘာထက်ဝယ် ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူ၍ ဗန္ဓုမတီ မင်းနေပြည်ကို အမှီ ဂေါစရဂါမ်ပြုတော်မူကာ ခေမ မည်သော မိဂဒါဝုန်တော၌ သီတင်းသုံးနေထိုင်တော်မူသည်ရှိသော် ဤအရှင်မဟာကဿပအလောင်း သူတော်ကောင်းသည် နတ်ပြည်မှ စုတေ၍ မထင်မရှား ပစ္စည်းနွမ်းပါးသော ပုဏ္ဏားမျိုး၌ ဖြစ်လာလေ၏ အထူးအားဖြင့် ထိုအခါ၌ ဝိပဿီမြတ်စွာဘုရားသည် ခုနှစ်နှစ်တကြိမ် ခုနှစ်နှစ်တကြိမ် အထူးတရားပွဲသဘင် ဆင်ယင်ကျင်းပ၍ တရားဟောတော်မူလေသည်
ထိုသို့ တရားပွဲသဘင် ဆင်ယင်ကျင်းပ တရားဟောတော်မူသောအခါမှာလည်း သတ္တဝါတိုင်းဟောတော်မူလေသည် အချိန်ကို သတ်မှတ်၍ နေ့အဖို့ရာ ညနေချမ်း၌ မူလေသည် တရားပွဲသဘင် နီးကပ်လာသောအခါ ကြီးစွာသောအုတ်အုတ်ကျက်ကျက် ဖြစ်ရှိလျက် နတ်များကလည်းမြတ်စွာဘုရား  ဟု ဇမ္ဗူဒိပ်တကျွန်းလုံး၌ လှည့်လည်ကြွေးကြော် ပြောကြားကြလေ၏
အရှင်မဟာကဿအလောင်း ပုဏ္ဏားသည် ထို သတင်းစကားကို ကြားသိလေ၏ အထူးအားဖြင့်  ခါးဝတ်တထည်သာလျှင်ရှိ၏ အိမ့်ရှင် ပုဏ္ဏေးမမှာလည်း ထို့အတူပင် ခါးဝတ်တထည်သာလျှင် ရှိချေ၏ အပေါ်ရုံ အဝတ်ကား နှစ်ဦးလုံး အတွက်မှ တထည်သာလျှင် ရှိချေ၏ ထို့ကြောင့်ပင် ထိုပုဏ္ဏားသည် ဧကသာဠကပုဏ္ဏား အဝတ်တထည်သာရှိသော ပုဏ္ဏားဟူ၍ တမြို့လုံး၌ ထင်ရှားလေသည် ကိစ္စတခုခုဖြင့် ပုဏ္ဏာများ၏ အစည်းအဝေးဖြစ်ရှိခဲ့လျှင် အိမ့်ရှင် ပုဏ္ဏေးမကို အိမ်၌ ထားခဲ့၍ ပုဏ္ဏားကြီးကိုယ်တိုင်  အစည်းအဝေးသို့သွားရောက်၏  ပုဏ္ဏေးမများ၏ အစည်းအဝေးဖြစ်ရှိခဲ့လျှင် ပုဏ္ဏားကြီးကိုယ်တိုင်က အိမ်၌ နေရစ်ခဲ့ရ၏ ပုဏ္ဏေးမကြီးသည် ထိုအပေါ်ရုံ အဝတ်ကို ရုံ၍သွားရောက်၏
ဝပဿီမြတ်စွာဘုရား တရားဟောမည် ထိုနေ့ ၌ ကာ ဧကသာဠကပုဏ္ဏားကြီးသည် အိမ့် ရှင် ပုဏ္ဏေးမကြီးကို အို အရှင်မ အသို့ နည်း (ဘယ်နှယ်လဲ) ရှင်မသည် ညဉ့်ဦးယံအခါ၌ တရားနာသွားမည်လော သို့မဟုတ် နေ့အခါ၌ တရားနာသွားမည်လော ဟုမေးလေ၏ ပုဏ္ဏေးမကြီးသည် ကျွန်တော်မတို့ မာတုဂါမများမည်သည် ညဉ့်ဦးယံအခါ၌ တရားနာယူခြင်းငှါ မစွမ်းနိုင်ကြပါ နေ့အခါ၌ တရားနာပါမည် ဟု ပြော၍ ပုဏ္ဏားကြီးကို အိမ်၌ထားခဲ့ပြီးလျှင် ထိုအပေါ်ရုံကို ခြုံရုံလျက် အခြား ဥပါသိကာ ဒါယိကာမများနှင့် အတူတကွ နေအခါသွား ၍ မြတ်စွာဘုရားကိုရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေ၍ တရားနာပြီးသော်အဖော် ဥပါသိကာ ဒါယိကာမတို့နှင့် အတူတကွပင်လျှင် အိမ်သို့ပြန်လာ၏ ထိုအခါ ပုဏ္ဏားပြီးသည် မိမိအလှည့်ရ၍ ပုဏ္ဏေးမကြီးကိ အိမ်၌ထားခဲ့ပြီးလျှင် ထိုအဝတ်ကိုခြုံရုံလျက် ညဉ့်အခါ တရားနာရန် ကျောင်းတိုက်သို့ သွားရောက်လေ၏  ထိုအချိန်၌ ဝိပဿီမြတ်စွာဘုရားသည် ပရိသတ်အလယ် တင့်တယ် စွာသော ဓမ္မာသနပလ္လင်၌ ထိုင်နေတော်မူလျက် ဆန်းကြယ်သောယပ်ဝန်းကို ကိုင်တော်မူကာ ကောင်းကင်မြစ်အတွင်း သက်ဆင်းကူးခပ်သူကဲ့သို့၎င်း မြင်းမိုရ်တောင်ကို မွှေတံပြုကာ မဟာသမုဒြာကို တအားမွှေသော ယောက်ျားကဲ့သို့၎င်း တရားစကားဟောကြားတော်မလေ၏ ပရိသတ် အစွန်အဖျား၌ ထိုင်နေလျက် တရားနာနေသော ဧကသာဠကပုဏ္ဏားကြီး၏ သန္တာန်းမှာ ညဉ့်ဦးယံ၌ပင်လျှက် တကိုယ်လုံး ပြည့်စေလျက် နှစ်သာက်ခြင်း ပီတိတရား ငါးမျိုးတို့ တဖြိုးဖြိုး ဖြစ်ရှိလေ၏ ပုဏ္ဏားကြီးသည် ပါလာသော အပေါ်ရုံအဝတ်ကို ခေါက်ပြီးလျှင် မြတ်စွာဘုရားအာ ငါလှူတော့ အံ့ ဟု အကြံပြုလေ၏ ထိုသို့ အကြံပြုပြီးသောနော်က်ပိုင်းမှာ အပြစ်အထောင်ကို ဖော်ပြလျက် မပေးလိုခြင်း ဝန်တိုခြင်း မစ္ဆရိယတရားများ တဖွားဖွားဖြစ်၍ လာပြန်လေသည် မစ္ဆရိယတရား ဖြစ်ပွားလာသောအခါ ပုဏ္ဏားကြီးသည် ပုဏ္ဏေးမနှင့်ငါ တို့ နှစ်ဦးပေါင်းမှ အပေါ်ရုံအဝတ် တထည်သာရှိကြ၏ အခြားအလဲအလှယ် အပေါ်ရုံအဝတ်ဟူ၍ တထည်မျှ မရှိချေ မရုံပဲလည်း အိမ့်ပြင်ပသို့ လှည်လည်သွားလားခြင်းငှါ မတတ်ဖြစ်သွားပြန်လေ၏ ထိုနောက် ညဉ့်ဦးယံ လွန်မြောက်၍ သန်းခေါင်ယံသို့ ရောက်သောအခါမှာလည်း ထို့အတူပင် ပုဏ္ဏားကြီး၏ သန္တာန်ဝယ်နှစ်သက်ခြင်း ပီတိငါးပါးဖြစ်ပွါး၍ လာပြန်လေ၏ ပုဏ္ဏားကြီးသည် ရှေးနည်းအတူပင် ကြံစည်၍ ရှေးနည်းအတူပင် မလှူလိုသောသူ ဖြစ်သွားပြန်လေ၏ ထို့နောက် သန်းခေါင်ယံလွန်မြောက်၍ မိုးသောက်ယံသို့ ရောက်သော အခါမှာလည်းပုဏ္ဏားကြီး၏ သန္တာန်ဝယ် ထိုအတူပင် နှစ်သက်ခြင်း ပီတိငါးပါးဖြစ်ပွါး၍ လာပြန်လေ၏ ဤအကြိမ်၌ကား ပုဏ္ဏားကြီးသည် မစ္ဆိရိယ အကုသိုလ်တရား ဖြစ်ပွါးခွင့်မပြုတော့ပဲ သေခြင်းမှ လွတ်မြောက်ခြင်း ဖြစ်လိုလျှင်လည်း ဖြစ်စေတော့ သေခြင်းတရားသည်မူလည်း ဖြစ်လိုလျှင်ဖြစ်စေတော့ နောက်အခါမှ အဝတ်အရေးကို တွေးတောစဉ်းစားတော့မည် ဟု ကြံစည်းဆုံးဖြတ် ချက်ချမှတ်ကာ
ထိုအပေါ်ရုံအဝတ်ကို ခေါက်၍ မြတ်စွာဘုရားရှင် ခြေတော်ရင်း၌ ချထားကာ ရက်ရက်ရောရော လှူဒါန်းလိုက်လေ၏ ထို့နောင်မှလက်ဝဲလက်ကိုခွေ၍  လကျာ်လက်ဖြင့် သုံးကြိမ်တိုင်တိုင်  မလန်းပေါက် (လက်ခမောက်း )ခတ်ပြီးလျှင် ငါအောပြီ ငါအောင်ပြီး ဟု သုံးကြီမ်တိုင်တိုင် ရဲရဲ တောက် ကြွေးကြော်လိုက်လေ၏
ထိုအချိန်၌  ဗန္ဓုမ မင်းကြီးသည် တရားဟော ဓမ္မာသနပလ္လင်၏ နောက်မှ ထင်းထိမ်းကန့်လန်ကာအတွင်း ထိုင်နေလျက် တရားနာနေဆဲရှိ၏ မင်း၏အဖို့ရာ မိမိကသာ မနိုင်ယူလိုသူ ဖြစ်၍ ငါအောင်ပြီ ဟူသော အသံသည် မနှစ်သက်အပ်သောအသံသာတယောကကို အချင်း သွားတည့်ချေ အဘယ်ကို ပြောသနည်းဟု ထိုသူကို မေးလော့ ဟူ၍ ပြောဆို စေလွှတ်လိုက်လေ၏ မင်းချင်းယောကျာ်းသည် ဧကသာဠကပုဏ္ဏားထံသို့ သွားရောက်၍အကြောင်းကို မေးလေလျှင် ပုဏ္ဏားကြီးသည် အမောင်ယောကျာ်း ငါမှကြွင်းငြား အခြားမင်းစသော သူများသည် ဆင်ယာဉ် မြင်းယာဉ် စသည်တို့ကို တက်စီးကြ၍ သန်လျက် လွှား ကာ .စသည်တို့ကို ကိုင်ဆောင်ကြကာ ရန်သူစစ်တပ်ကို အောင်နိုင်ကြကုန်၏ ထိုအောင်ခြင်းကား မအံ့သြလောက်ပေ ငါတမူကား မိမိနောက်မှ ဝှေ့သတ်ရန် ခုန်ပေါက်၍ လိုက်လာသော နွားဆိုးနွားကြမ်းကို ပြေးစသော ယောကျာ်းကဲ့သို့ မစ္ဆရိယစိတ်ကို နှိမ်နင်းပြီးလျှင် အပေါ်ရုံ အဝတ်ကိုမြတ်စွာ ဘုရားအား အောင်မြင်စွာလှူဒါန်းရလေပြီ ငါသည် အောင်နိုင်ခဲသော ထိုမစ္ဆရိယတရားကို အောင်နိုင်အပ်လေပြီ ဟု ဖြေကြားပြောဆိုလေ၏ မင်းချင်းယောကျာ်းသည် တဖန်ပြန်လာ၍ မင်းကြီးအား ထို အကြောင်းကို လျှောက်ထားပြောကြားလေ၏ ဗန္ဓုမ မင်းကြီးသည် အချင်း ငါ့တို့သည် မြတ်စွာဘုရား အား လျောက်ပတ်သည်ကို မသိကြကုန် ပု ဏ္ဏားကြီးသည် သိပေ၏ ဟု မိန့်ဆိုကာ ပုဏ္ဏားကြီးအား ဝတ်စုံတစုံ ကို ပို့သပေးကမ်းစေလေ၏ ပုဏ္ဏားကြီးသည် ဤမင်းကြီးကား ရှေးဦးစွာ စကာမဆို ဆိတ်ဆိတ်နေသော ငါ့အား တစုံတရာ မပေးကမ်းပဲ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ပြောကြားတော့မှ ပေးကမ်းပေ၏ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို စွဲ၍ ဖြစ်သော ဤဝတ်စုံဖြင့် ငါ့အား အဘယ်အလိုရှိအံ့နည်း ဟု ပြောဆိုကာ ထိုဝတ်စုံကို လည်း မြတ်စွာဘုရားအားပင် လှူဒါန်းပြန်လေ၏ မင်းကြီးသည်လည်း ပုဏ္ဏားကြီးသည် ငါပေးလိုက်သောဝတ်စုံဖြင့် အဘယ်မူကို ပြုအပ်သနည်း ဟု မင်းချင်းတို့ကို မေး၍ ပုဏ္ဏားကြီးသည် ထိုဝတ်စုံကိုလည်း မြတ်စွာဘုရားအားပင် လှူဒါန်းအပ်လေပြီ ဟုကြားသိရသဖြင့် တဖန်ထပ်၍ ဝတ်စုံနှစ်စုံတို့ကိုလည်း ပုဏ္ဏားကြီးထံ ပို့စေပြန်လေ၏ ပုဏ္ဏားကြီးသည်လည်းထိုဝတ်စုံလေးစုံတို့ကို မြတ်စွာဘုရားအာပင်လှူဒါန်ပြန်လေ၏ ဤနည်းဖြင့် မင်းကြီးသည် တဆ .တဆတိုး၍ သုံးဆယ့်နှစ်စုံတို့တိုင် အောင်ပို့စေပြန်လေ၏ ထိုအခါ ဧကသဠက ပုဏ္ဏားကြီးသည် ဤသို့ရတိုင်းရတိုင်း မိမိဖို့မခြွင်းမချန်ပဲ လှူဒါန်းနေခြင်းသည် တိုး၍တိုး၍ ခံယူခြင်းကဲ့သို့ ဖြစ်နေ၏ ဟု ကြံစည်ပြီးလျှင် ထိုဝတ်စုံ သုံးဆယ့်နှစ်စုံတို့ အနက်မှ မိမိအွက်တစုံ ပုဏ္ဏေးမကြီးအတွက် တစုံအားဖြင့် ဝတ်စုံနှစ်စုံတို့ကို နုတ်ယူပြီးလျှင် ကျန်ရှိသောဝတ်စုံ သုံးဆယ်တို့ကို မြတ်စွာဘုရားအားပင် လှူဒါန်းလေ၏ ထိုအချိန်မှစ၍ ထိုပုဏ္ဏားကြီးမှာ မြတ်စွာဘုရားရှင်နှင့် အကျွမ်းတဝင် ချစ်ခင်ရင်းနှီးသူတယောက် ဖြစ်လေတော့၏ မြင်ရ၍ မိမိခြုံရုံသည့် အဖိုးတသိန်းတန် ကမ္ဗလာ နီကြီးကို ပုဏ္ဏားကြီးအား ပေးပြီးလျှင် ဤအချိန်မှ စ၍  ဤကမ္ဗလာကို ခြုံလျက်တရားနလော့ ဟု မိန့်ဆိုလေ၏ ပုဏ္ဏားကြီးသည် ငါ့အဖို့ရာ ဤ ကမ္ဗလာကို ခန္ဓာကိုယ်ရုပ် ဤအကောင်းပုပ်၌ ခြုံရုံသဖြင့် အဘယ်အကျိုးရှိအံ့နည်း မြတ်စွာဘုရားရှင် သီတင်းသုံးနေထိုင်တော် မူရာ ညောင်စောင်း၏ အထက်၌ ဗိတာန်မျက်နှာကြပ် ဖြန့် ကြက် လှူဒါန်း၍ အိမ်သို့ ပြန်သွားလေ  တနေ့သ၌ မင်းကြီးသည် စောစော ပင်လျှင် ကျောင်းတော်သို့ သွားရောက်၍ ဂနကုဠီတိုက်တော်အတွင်း မြတ်စွာဘုရား၏ အနီး၌ ထိုင်နေလေ၏ ထိုအချိန်၌ မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် ဗိတာန်မျက်နှာကြက် ကြက်၍ ထားသောကမလာနီ၌ ထိခိုက်ကုန်ရကား ကမလာနီသည် လွန်သော်တင့်တယ်လေ၏ မင်းကြီးသည် ထိုကမာလာကို မြင်လတ်သော် မှတ်မိ၍ မြတ်စွာဘုရား ကမလာသည် တပည့်တော်တို့၏ ကမလာဖြစ်ပါသည် တပည့်တော်တို့သည် ကမလာကို ဧကသာဠကပုဏားအား တရားနာသောအခါ ခြုံရုံရန် ပေးအပ်ပါပြီ ဟုလျှောက်ထားလေ၏ မြတ်စွာဘုရားရှင်က မြတ်သော မင်းကြီး သင် မင်းကြီးတို့သည် ပုဏားကို ပူဇော်အပ်လေပြီ ပုဏားသည် ငါဘုရားတို့ကို ပူဇော်အပ်ကုန်ပြီ ဟု မိန့်တော်မူလေလျှင် မင်းကြီးသည် ပုဏားသည် သင့်လျော်လျောက်ပတ်သည်ကို သိပေ၏ ငါတို့ကား ထိုသို့မသိကုန် ဟု အောက်မေ့ကာ လွန်စွာ သဒါကြည်ညိုပြီးလျှင် လူတို့၏ အသုံးအဆောင် ပစ္စည်းဝတ္ထုမှန်သမျှ အလုံးစုံကို တမျိုးတမျိုးလျှင် ခြောက်ဆယ့်လေးခု ခြောက်ဆယ့်လေးခုစီ အညီအမျှပြု၍ သဗဋ္ဌက မည်သော အလှူဒါနကို ပေးပြီးလျှင် ထိုဧကသာဠကပုဏားကြီးကို ပုရောဟိတ်ရာထူး၌ ခန့် ထားတော်မူလေ၏ ဧကသာဠကပုရောဟိတ်ပုဏားကြီးသည်လည်း အဋ္ဌဋ္ဌက ရှစ်ခုရှစ်လီဟူသည်မှာ ခြောက်ဆယ့်လေးခုဖြစ်သည် ဟု ဆင်ခြင်စဉ်းစား၍ နေ့စဉ်နေ့စဉ် စာရေး တံဆွမ်း ခြောက်ဆယ့်လေးအုပ်တိုကို ဒါနဝတ်တည်ထားကာ အသက်ထက်ဆုံး အလှူပေးလျက် သီလသီတင်း ဆောက်တည်လျက် ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ တဖန်ဖြစ်ပြန်လေ၏
ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်