ပိပ္ပလိလုလင်၏(သဝဏ်လွာနှစ်စောင်) ၁၂၉


ထိုသတင်း စကားကို ကြားသိကြ၍ ပိပလိလုလင်၏ ကျေးကျွန်များက ပိပလိလုလင်အား အရှင်သား အရှင့်သားအဖို့ရာ ရွှေစင်ရုပ်တု နှိုင်းပုံပြုရသော သတို့သမီးကို ရအပ်ပြီတဲ့ ဟု ဝမ်းမြောက်ဝမ်းသာ အားပါးတရ ပြောကြားကြလေလျှင် ပိပလိလုလင်သည် ငါကား ရကြလိမ့်မည်မဟုတ်ဟု ကြံစည်စဉ်းစားကြားကြ၏ ငါသည် အလိုမရှိသူဖြစ်၍ ဘဒ္ဒါ၏ထံသို့ သဝဏ်လွှာကိုပို့စေတော့အံ့ ဟု ကြံစည်ဆင်ခြင်ကာ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် နှမဘဒ္ဒါသည် မိမိနှင့် ဇာတ်  အနွယ် စည်းစိမ်အားရယူစေချင်ပါသည့် အခြားအိမ်ထောင်ရှင် တဦးကို ရဟန်းပြုမည့်သူ ဖြစ်ပါသည် နောက်အခါကျမှ နှလုံး မသာမယာ မဖြစမ်စေချင်ပါ ဟု သဝဏ်လွှာရေးသား၍ ဘဒ္ဒါထံသို့ လျှို့ဝှက်စွာ သဝဏ်လွှာကိုပို့စေလေ၏ ဘဒ္ဒါပုေ သူဌေးသမီးသည်လည်း ငါ့ကို မိဖနှစ် ပါးတို့က မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏားသူဌေးကြီး၏ သား ပိပလိလုလင်အား ပေးလိုကြသတဲ့ ဟူသော သတင်းစကား ကိုကြားသိရ၍ တို့အတူပင် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် မောင်ကြီး ပိပလိ အရှင့်သားသည် မိမိနှင့် ဇာတ် အနွယ် စည်းစိမ်အား လျော်လျောက်ပတ်သည့် အခြားအိမ့်ရှင်မ တဦးဦးကို ရယူစေချင်ပါသည် နှမသည်ထားတောထွက်၍ ရဟန်းမ ပြုလုပ်မည့်သူ ဖြစ်ပါသည် နှောက်အခါကျမှ နှလုံးမသာမယာ မဖြစ်စေချင်ပါဟု သဝဏ်လွှာရေးသား၍  လျှိုက်ဝှက်စွာ သဝဏ်လွှာကို ပို့စေလေ၏ သဝဏ်လွှာပို့ကြသူ နှစ်ဖက်သားတို့ လမ်းအကြားဝယ် တွေ့ဆုံးကြလေသော် ဘဒ္ဒါ၏ လူများက သူငယ်ချင်းတို့ မင်းတို့ ယခုယူဆောင်လာသော သဝဏ်လွှာဖြစ်သနည်းဟု မေးမြန်ကြ၍ ပိပလိလုလင်၏ လူများကလည်း ငါ့တို့အရှင်  ပိပလိလုလင်သူဌေးသားက ဘဒ္ဒါသူဌေးသမီးထံသို့ ပို့စေအပ်သော သဝဏ်လွှာဖြစ်သည်ဟု ရိုးသားစွာ ပြောဆိုကြလေ၏ တဖန် ပိပလိလုလင်၏လူများက သူငယ်ချင်းတို့ မင်းတို့ ယခု ယူဆောင်လာသော သဝဏ်လွှာဖြစ်သနည်းဟုမေးမြန်းကြ၍ ဘဒ္ဒါ၏လူများကလည်း ငါ့တို့အရှင်မ ဘဒ္ဒါသူဌေးသမီးကလေးက ပိပလိ သူဌေးသားထံသို့ ပို့အပ်သော သဝဏ်လွှာဖြစ်သည် ဟု ဖြောင့်ပင် ဝန်ခံပြောဆိုလေ၏ ထိုသဝဏ်လွှာနှစ်စောင်တို့ကို နှစ်ဖက်သောလူများတို့ သဘောတူဖောက်၍ ဖတ်ရူကြလေသော် အံ့သြဖွယ်ရာ သံဝေဂရင့်သန်သည့် စာပါအနက်အဓိပါယ်ကို သိကြရ၍ သတို့သား သတို့သမီးတို့၏ အလုပ် (လုပ်ပုံ) ကို ကြည့်ကြကုန်လော့ဟု ပြောဆို ကြ၍ သဝဏ်လွှာနှစ်စောင်လုံးကို ဆုတ်ဖဲ့၍ တောအရပ်၌ စွန့်ပစ် ကြပြီးလျှင် နှစ်ဖက်သဘောတူညီ ဝမ်းမြောက်သည့် အဓိပါယ်ပါရှိသော သဝဏ်လွှာအသစ်နှစ်စောင် ရေးသားကြ သတို့သား သတို့သမီးတို့ထံ ပို့သကြလေကုန်၏ ဤနည်းဖြင့် ပိပလိသူဌေးသားနှင့် ဘဒ္ဒါသူဌေးသမီးတို့မှာ လူ့ဘောင်ကို အလိုမရှိကြပဲလျက် မိဖနှစ်ပါးနှင့် ကြားလူးများ၏ ဆောင်ရွက်ချက်အရ ထိမ်းမြားမင်္ဂလာပြုပြီးသောအချိန်သို့ ရောက်ခဲ့ကြရလေ၏ ထိမ်းမြားမင်္ဂလာ ပြုပြီးသောနေ့မှာပင် သူဌေးသား သူဌေးသမိးတို့သည် ပန်းကုံးတကုံးစီ အသင့်ယူဆောင်ခဲ့လေ၏ အိပ်ရာအလယ်၌် မိမိတို့ဖက်မှ အသီးအသီး ထားရှိကြလေ၏ ညဉ့်စာစားပြီးနောက် နှစ်ဦးလုံးပင် အိပ်ရာသို့ တက်ရောက်ကြကုန်စို့ ဟု အိမ်ရာခဠင်သို့ တညီတညွတ်တည်း လာရောက်ကြကာ ပိပလိသူဌေးသားက လကျာ်ဖက်နံပါးဖြင့် အိပ်ရာသို့ တက်ရောက်လေ ဘဒ္ဒါသူဌေးသမီးကလေးသည် လက်ဝဲဖတက်နံပါးဖြင့် အိပ်ရာသိ့ တက်ရောက်ပြီးလျှင် အကြသူ၏ဖက်မှ ပန်းများသည် ညိုးကြကုန်၏ ထိုသူ၏ သန္တာန်၌ ရာဂစိတ်ဖြစ်ပွါးသည်ဟု အသိအမှတ်ပြုကြစတမ်း ဤပန်းကုံးများကု မည်သူမျှ မထိကြစတမ်းဟု ကတိကဝတ်စကား ပြောကြားလေ၏ ထိုသူနှစ်ဦးလုံးတို့ပင်တယောက်သည် တယောက်၏ကိုယ်ကိုတွေ့ ထိမည်မှ ကြောက်လန့်ကြံ သဖြင့် ညဉ့်သုံးယံ ပတ်လုံး မအိပ်စက်နိုင်ကြဘဲ အချိန်ကို ကုန်စေခဲ့ ကြကုန်၏ ပန်းကုံးများလည်း မညိုးကြကုန် နေ့ခါ၌ ကားလောဘစိတ်ဖြင့် ပြုံရွှင်မူကိုမျှ မပြုကြပဲ မောင် နှမကဲ့သို့ နေထိုင်ကြလေ၏

No comments:

Post a Comment

ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်