မေတ္တာသုတ် ပါဠိတော်

၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။

၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊

၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

၆။ ယေ ကေစိ ပါဏဘူတ္ထိ၊ တဿာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ။ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိ မာဏံ။
ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အသမ္ဗာ ဓံ အဝေရ မသပတ္တံ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ရတနသုတ်
၁။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော, ဒသ ဥပပါရမိ- ယော, ဒသပရမတ္ထပါရမိ ယောတိ သမတ္တိံသပါရမိယော ,ပဉ္စ မဟာပရိစ္စာဂေ, လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော, ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ, ဇာတိံ, အဘိနိက္ခမနံ,ပဓာနစရိယံ, ဗောဓိပလ္လင်္ကေ မာရဝိဇယံ, သဗ္ဗညုတညာဏပ္ပဋိဝေဓံ, ဓမ္မစက္ကပ္ပဝတ္တနံ, နဝ လောကုတ္တရဓမ္မေ- တိ သဗ္ဗေပိ, မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-

၂။ ကောဋီသတသဟေဿသု၊ စက္ကဝါဠေသု ဒေဝတာ။
ယဿာ'ဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။
၃။ ရောဂါမနုဿဒုဗ္ဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။

စာပေဟောပြောပွဲများ

လယ်တွင်းသား စောချစ်




ဆရာအော်ပီကျယ် (APK)ဒို့မြန်မာတွေပြောပါသည်။




မောင်စိန်ဝင်း(ပုတီးကုန်း)စာပေကောပြောပွဲ့

ဓာရဏပရိတ်( ပါဠိ-မြန်မာ) နိဿယ

 ၁။ ဗုဒ္ဓါနံ-ဘုရားရှင်တို့၏၊ ဇီဝိတဿ-အသက်တော်၏၊ အန္တရာယော-အန္တရာယ်ကို၊ ကေနစိ-တစုံတယောက်သောသူသည်၊ ကာတုံ-ပြုခြင်းငှာ၊ န သက္ကာ ယထာ-မတတ်ကောင်းသကဲ့သို့၊ တထာ-ထို့အတူ၊ မေ-ငါ၏၊ အန္တရာယော-အန္တရာယ်ကို၊ ကေနစိ-တစုံတယောက်သောသူသည်၊ ကာတုံ-ပြုခြင်းငှာ၊ န သက္ကာ-မတတ်ကောင်းသည်၊ ဟောတု-ဖြစ်ပါစေသတည်း။

၂။ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ အတီတံသေ-အတိတ်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊ (၁) ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ အနာဂတံသေ-အနာဂတ်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊

(၂) ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ပစ္စုပ္ပန္နံသေ-ပစ္စုပ္ပန်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊

(၃) တီဟိ-သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ-ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ-ပြည့်စုံတော်မူသော၊ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ဉာဏပုဗ္ဗင်္ဂမံ-ဉာဏ်တော်လျှင် ရှေ့သွားရှိသော၊ ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်သို့ အစဉ်လိုက်သော၊ သဗ္ဗံ-အလုံးစုံသော၊ ကာယကမ္မံ-ကာယကံလည်းကောင်း၊

(၁) ဉာဏပုဗ္ဗင်္ဂမံ-ဉာဏ်တော်လျှင် ရှေ့သွားရှိသော၊ ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်သို့ အစဉ်လိုက်သော၊ သဗ္ဗံ-အလုံးစုံသော၊ ဝစီကမ္မံ-ဝစီကံလည်းကောင်း၊


မင်္ဂလသုတ်ပါဠိ တော်(မြန်မာပြန်)

၁။ယံ မင်္ဂလံ ဒွါဒသ ဟိ၊ စိန္တယိံ သု သဒေ၀ကာ၊ သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။

၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တော အဘိက္ကန္တ ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကိမ။ ဥပသင်္ကိမတွာ ဘဂ၀န္တံ - အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဋ္ဌိထာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

၎။ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တ ယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ။


မင်္ဂလသုတ်

ဒု၊ သ၊ န၊ သော


ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက-

ဒီအသံနက်ကြီးလေးခုသည် အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊ လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး အဓိပ္ပါယ်သည်...

ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင် သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။

ဘုရားရှင်၏ ကျေးဇူးကြောင့် ငရဲပြည်မှ နောင်တသံကို ဖတ်ရှုကြားနာကြရသော ကျမတို့သည်လည်း လူ့ဘ၀တန်ဖိုးကို လူ့ဘ၀မှာပင် စောစောစီးစီးသိရသဖြင့် ကျေးဇူးများလှပါသည်။ သိပြီးနောက် လည်း ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးကိုလည်း သိဖို့လိုအပ်ပါတယ်။ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးက-

အကယ်၍သာ၊ မြတ်ဗုဒ္ဓါသည်
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ
ယခုခါသော်၊ မြတ်ဇိနော်သည်
ပွင့်ပေါ်ထင်ရှား၊ ဟောညွှန်ကြား၍
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
  1. ထိုထိုဘုံဘ၀၊ သိကြရ၊များလှကျေးဇူးပေ..ဟု စပ်ဆိုတော်မူခဲ့ပါသည်။

မေတ္တာသုတ် ပါဠိတော်

၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။

၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊

၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

၆။ ယေ ကေစိ ပါဏဘူတ္ထိ၊ တဿာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ။ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိ မာဏံ။
ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အသမ္ဗာ ဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓမာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယဂေဒံ၊ နဟိ ဇာတုဂ္ဂ မ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။
မေတ္တာသုတ် အနက်အဓိပ္ပါယ်”

၁။ ယဿ အကြင်မေတ္တာသုတ် ပရိတ်တော်၏

၂။ အာနုဘာဝတော အစွမ်းရှိန်စော် အာနုဘော်တော်ကြောင့်

၃။ ယက္ခာ နတ်အများတို့သည်

၎။ ဘီသနံ ကြောက်မက်ဖွယ်အာရုံမျိုးကို

၅။ နေ၀ဒေဿန္တိ မပြနိုင်ကြကုန်

၆။ ယမှိစေ၀ အကြင်မေတ္တသုတ်ပရိတ်တော်၌သာလျှင်

၇။ ရတ္တိံဒိဝံ နေ့ညမပြတ် အခါခပ်သိမ်း

၈။ အတန္ဒိတော ပျင်းရိခြင်းမရှိပဲ

၉။ အနုယုဉ္ဖန္တော ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်

၁၀။ သုခံ ချမ်းချမ်းသာသာ သုပတိ အိပ်စက်ရ၏

၁၁။ သုတ္တော အိပ်ပျော်သည် ရှိသော် ကိဉ္စိ တစ်စုံတစ်ခုသော

၁၂။ ပါပံစ အိပ်မက်ဆိုးကိုလည်း န ပဿတိ မမြင်မက်ရ။

၁၃။ ဧ၀မာဒိ ဂုဏူပေတံ ဤသို့ အစရှိသော အကျိုးဂုဏ်နှင့် ပြည့်စုံသော

၁၄။ တံပရိတ္တံ ထို မေတ္တသုတ် ပရိတ်တော်ကို

၁၅။ ဟေ အို သူတော်ကောင်းတို့

၁၆။ မယံ ငါတို့သည်

၁၇။ ဘဏာမ ရွတ်ကြကုန်စို့ (မေတ္တသုတ် အမွှန်း)

၁၈။ သန္တံ ငြိမ်သက်သော

၁၉။ ပဒံ နိဗ္ဗာန်ကို

၂၀။ အဘိသမေစ္စ ထွင်းဖောက်သိမြင်၍

၂၁။ ၀ိဟရိတုကာမေန နေခြင်းငှာ အလိုရှိသော

၂၂။ အတ္ထကုသလေန အကျိုးစီးပွား၌ လိမ္မာသောသူသည်

၂၃။ ယံကရဏီယံ အကြင်ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည် ပြုသင့်သောအမှု ပြုရာသောမဂ်ကိစ္စ

၂၄။ အတ္ထိ ရှိ၏

၂၅။ တံ ထို သိက္ခာသုံးရပ် အကျင့်မြတ်ကို

၂၆။ ကရဏီယံ ပြုကျင့်ထိုက်ပေ၏

၂၇။ သက္ကောစ စွမ်းနိုင်သူသည်၎င်း

၂၈။ ဥဇူစ ဖြောင့်မတ်သူသည်၎င်း

၂၉။ သုဟုဇူစ အလွန်ဖြောင့်မတ်သူသည်၎င်း

၃၀။ သုဝစောစ ဆိုဆုံးမလွယ်သူသည်၎င်း

၃၁။ မုဒုစ နူးညံ့ပျော့ပျောင်းသူသည်၎င်း

၃၂။ အနတိမာနီစ မာန်ထောင်လွှားခြင်း မရှိသူသည်၎င်း

၃၃။ အဿ ဖြစ်ရာ၏

၃၄။ သန္တုဿကောစ တင်းတိမ်ရောင့်ရဲ လွယ်သူသည်၎င်း

၃၅။ သုဘာရောစ အမွေးအမြူလွယ်သူသည်၎င်း

၃၆။ အပ္ပကိစ္စောစ နည်းပါးသောကိစ္စရှိသူသည်၎င်း

၃၇။ သလ္လဟုက၀ုတ္တိစ ပေါ့ပါးသောအဖြစ်ရှိသူသည်၎င်း

၃၈။ သန္တိန္ဒြိယောစ ငြိမ်သက်သော ဣနြေ္ဒိရှိသူသည်၎င်း

၃၉။ နိပကောစ ရင့်ကျက်သောပညာရှိသူသည်၎င်း

၄၀။ အပ္ပဂဗ္ဘောစ ကြမ်းတမ်းရိုင်းပျခြင်းမရှိသူသည်၎င်း

၄၁။ ကုလေသု အိမ်သားအိမ်သူ လူတို့၌

၄၂။ အနနုဂိဒ္ဓေါစ တွယ်တာမက်မောခြင်း မရှိသူသည်၎င်း

၄၃။ အဿ ဖြစ်ရာ၏

၄၄။ ယေန အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်

၄၅။ ၀ိညူ ပညာရှိဖြစ်ကုန်သော

၄၆။ ပရေ သူတစ်ပါးတို့သည်

၄၇။ ဥပ၀ဒေယျုံ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏

၄၈။ ဒုဒ္ဒံ ယုတ်ညံ့သော

၄၉။ တံ ထိုဒုစရိုက်မျိုးကို

၅၀။ ကိဥ္စိ အနည်းငယ်ကလေးမျှကိုပင်

၅၁။ နအာစရေ မပြုမကျင့်ရာ

၅၂။ သဗ္ဗေသတ္တာ သတ္တ၀ါမှန်သမျှတို့သည်

၅၃။ သုခိနောဝါ ကိုယ်၏ ချမ်းသာခြင်း ရှိကုန်သည်၎င်း

၅၄။ ခေမိနောဝါ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်၎င်း

၅၅။ ဟောန္တု ဖြစ်ကြပါစေကုန်သတည်း

၅၆။ အန၀သေသာ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော

၅၇။ ယေတသာဝါ အကြင်ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခတို့သည်၎င်း

၅၈။ ယေထာဝရာဝါ အကြင် မထိတ်လန့်တည်တံ့ ခိုင်မြဲသော ရဟန္တာတို့သည်၎င်း

၅၉။ ယေဒီဃာဝါ အကြင်ခန္ဓာကိုယ် ရှည်လျား သတ္တ၀ါများတို့သည်၎င်း

၆၀။ ယေမဟန္တာဝါ အကြင်ခန္ဓာကိုယ်ကြီးမား သတ္တ၀ါများတို့သည်၎င်း

၆၁။ ယေမဇ္ဈိမာဝါ အကြင် မတို မရှည် မကြီး မငယ် အရွယ်အလတ်စား သတ္တ၀ါများတို့သည်၎င်း

၆၂။ ယေရဿကာဝါ အကြင် ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါများတို့သည်၎င်း

၆၃။ ယေအဏုကာဝါ အကြင်သေးငယ်မှုံမွှား သတ္တ၀ါများတို့သည်၎င်း

၆၄။ ယေထူလာဝါ အကြင် ၀ိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်၎င်း

၆၅။ ယေဒိဋ္ဌာဝါ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်၎င်း

၆၆။ ယေအဒိဋ္ဌာဝါ အကြင် မမြင်ဘူးသော သတ္တ၀ါတို့သည်၎င်း

၆၇။ ယေဒူရေ၀သန္တိ အကြင်အဝေးရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း

၆၈။ ယေအ၀ိဒူရေ၀သန္တိ အကြင်အနီးအရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း

၆၉။ ယေဘူတာဝါ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသား ဖြစ်ကြသော ရဟန္တာတို့သည်၎င်း

၇၀။ ယေသမ္ဘဝေသီဝါ နောင်ဖြစ်ရမည့် ဘ၀ကိုရှာ အကြင်ပုထုဇဉ်သေက္ခ သတ္တ၀ါတို့သည်၎င်း

၇၁။ ယေကေစိ အလုံးစုံကုန်သော

၇၂။ ပါဏဘူတာ သတ္တ၀ါတို့သည်

၇၃။ အတ္ထိ ရှိကုန်၏

၇၄။ က္ကုမေပိသဗ္ဗသတ္တာ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်၎င်း

၇၅။ သုခိသတ္တာ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်

၇၆။ ဘ၀န္တု ဖြစ်ကြပါစေကုန်သတည်း

၇၇။ ပရော တစ်ပါးသူတစ်ယောက်သည်

၇၈။ ပရံ သူတစ်ပါးဟူ အခြားသူ တစ်ယောက်ကို

၇၉။ နနိကုဗ္ဗေထ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်

၈၀။ ကတ္ထစိ တစ်စုံတစ်ခုသော အရပ်၌

၈၁။ ကိဉ္စိ တစ်စုံတစ်ယောက်သော

၈၂။ နံ ထိုသူတစ်ပါးကို

၈၃။ နာတိမညေထ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်

၈၄။ ဗျာရောသနာယ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့်၎င်း

၈၅။ ပဋိဃသညာယ ဒေါသစိတ်ဖြင့်၎င်း

၈၆။ အညမညဿ အချင်းချင်း၏

၈၇။ ဒုက္ခံ ဆင်းရဲခြင်းကို

၈၈။ နက္ကုစ္ဆေယ အလိုမရှိပါစေလင့်

၈၉။ မာတာ မွေးသမိခင် ကျေးဇူးရှင်သည်

၉၀။ နိယံပုတ္တံ မိမိရင်နှစ် သားရင်းဖြစ်သော

၉၁။ ဧကပုတ္တ တစ်ဦးတည်းသော သားကို

၉၂။ အာယုသာ မိမိအသက်ဖြင့်သော်ပင်

၉၃။ အနုရက္ခေယထာ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်ဘိသကဲ့သို့

၉၄။ ဧ၀မ္ပိ ဤအတူလည်း

၉၅။ သဗ္ဗဘူတေသု အလုံးစုံသော သတ္တ၀ါတို့၌

၉၆။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော

၉၇။ မာနသံ မေတ္တာစိတ်ကို

၉၈။ ဘာဝယေ အကြိမ်ကြိမ်အခါခါ ပွားများရာ၏

၉၉။ ဥဒ္ဓံ အထက်လောက အရူပဘ၀၌၎င်း

၁၀၀။ အဓော အောက်ပြည်လောက ကာမဘ၀၌၎င်း

၁၀၁။ တိရိယံ အလယ်လောက ရူပဘ၀၌၎င်း

၁၀၂။ သဗ္ဗလောကသ္မိံ အလုံးစုံသောလောက၌

၁၀၃။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော

၁၀၄။ မေတ္တံ မေတ္တာနှင့်ယှဉ်သော

၁၀၅။ မာနသံ စိတ်ကို

၁၀၆။ အသမ္ဗာဓံ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို

၁၀၇။ အဝေရံ ဒေါသဟူဘိ အတွင်းရန်လည်း မရှိသည်ကို

၁၀၈။ အသပတ္တံ နှိပ်စက်ရန်မူ အပရန်လည်း မရှိသည်ကို

၁၀၉။ ကတွာ ပြု၍

၁၁၀။ ဘာဝယေ ပွားများရာ၏

၁၁၁။ တိဋ္ဌံဝါ ရပ်လျှက်သော်၎င်း

၁၁၂။ စရံဝါ သွားလျှက်သော်၎င်း

၁၁၃။ နိသိန္နောဝါ ထိုင်လျှက်သော်၎င်း

၁၁၄။ သယာနောဝါ အိပ်လျှက်သော်၎င်း

၁၁၅။ ယာဝတာ အကြင်မျှလောက်

၁၁၆။ ၀ိတမိဒ္ဓေါ အိပ်ချင်ငိုက်မျည်းခြင်းမရှိသည်ကို

၁၁၇။ အဿ ဖြစ်ရာ၏

၁၁၈။ အထ ငိုက်မျည်းခြင်းကင်း ထိုအချိန်အတွင်း၌

၁၁၉။ ဧတံသတိံ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို

၁၂၀။ အဓိဋ္ဌေယျ စွဲမြဲမကွာ ဆောက်တည်ရာ၏

၁၂၁။ က္ကုဓ ဤဘုရားသာသနာတော်၌

၁၂၂။ ဧတံ ထိုမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို

၁၂၃။ ဗြဟ္မံ ထူးမြတ်သော

၁၂၄။ ၀ိဟာရံ နေခြင်းမျိုးဟူ၍

၁၂၅။ အာဟု မြတ်စွာဘုရားတို့ ဟောကြားတော်မူကုန်ပြီ

၁၂၆။ သော ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည်

၁၂၇။ ဒိဋ္ဌဉ္စ အတ္တဒိဋ္ဌိသို့လည်း

၁၂၈။ အနုပဂ္ဂမ္မ မစွဲယူ မကပ်ရောက်မူ၍

၁၂၉။ သီလ၀ါ လောကုတ္တရာသီလရှိသူတည်း

၁၃၀။ ဒဿနေန သောတာပတ္တိမဂ်ဥာဏ်ဖြင့်

၁၃၁။ သမ္ပန္နော ပြည့်စုံသူသည် (သမနော ဖြစ်လျှက်)

၁၃၂။ ကာမေသု ၀တ္ထုအာရုံ ကာမဂုဏ်တို့၌

၁၃၃။ ဂေဓံ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို

၁၃၄။ ၀ိနေယျ တစ်စမကြွင်း အရှင်းပယ်ရှားပြီးသော်

၁၃၅။ ဇာတု စင်စစ်ဧကန် အမှန်ပင်

၁၃၆။ ပုန နောက်ထပ်တစ်ဖန်

၁၃၇။ ဂမ္ဘသေယျံ ပဋိသန္ဓေ တည်နေခြင်းသို့

၁၃၈။ နဧတိ မရောက်ရတော့ပေ။

မေတ္တာသုတ်ပြီး၏ ။

အလှူတကာ့အလှူတို့တွင် တရားအလှူသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏။

မေတ္တာသုတ် ပရိတ်တော် ဝတ္ထုဖြစ်စဉ်




သာဝတ္ထိ ပြည်မွန် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည် ။

ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည် ။

အချို့ ရုက္ခ စိုး များမှာ ကလေး ငယ်များ ရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စား နေ ပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေ ရေး အတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌဏ် ပြ၍ လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့်ဖျက်ဆီးကြတော့သည် ။

ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရ သည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည် ။

ဘုရားသခင်၏ ရှေ့ မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းများ ကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရား က ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည် ။

မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌဏ် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍ မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း ။

အလျင်းသင့်၍ လူတို့ ၌ မထားသင့် မထားအပ်သော ဗုဒ္ဓ ၏အဆိုအမိန့် တစ်ရပ်ကို ထပ်မံ တင်ပြလိုပါသည် ။

" ပဋိဃနိမိတ္တဉ္စ ၊ မနှစ်သက်အပ်သော အနိဋ္ဌာအာရုံ သည်လည်းကောင်း ။ အယောနိ သော မနသိကာ ရောစ ၊ မတင့်မသင့်နှလုံး သွင်းခြင်းသည် လည်းကောင်း ။ ဘိက္ခဝေ ၊ ရဟန်းတို့ ။ခေါ ၊ စင်စစ် ။ ဒေါသဿ ၊ ဒေါသ ၏ ။ ဥပ္ပါဒါယ ၊ ဖြစ်ခြင်းငှါ ။ ပစ္စယာ ၊ အကြောင်းတို့ကား ။ ဣမေ ဒွေ ၊ ဤနှစ်ပါးတို့သာလျှင်တည်း ။" ဟု ဆိုပါသည် ။ ဒေါသ၏ မူလရင်းမြစ်ကို ပယ်သတ်၍ မေတ္တာပွါးနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်းတင်ပြအပ် ပါသတည်း ။

(မေတ္တာ သုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး)

မေတ္တာ သုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိသူ တို့မှာ အပလောက ပယောဂ အခြောက်အလှန့် မခံရခြင်း ၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး ၊ နိမိတ်ဆိုး ၊ အတတ်ဆိုး များမကြုံရခြင်း ၊ လူ နတ် အများချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း ၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်း မှ စ၍ ဗြဟ္မာ့ ဘုံ ရောက်သည် အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်
ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်