၁၂၅(နောက်ဆုံးဘဝ ရဟန်းပြုကြောင်း)

 ထိုသူနှစ်ဦးတို့ ဗြဟ္မာ့ပြည်၌  တည်ရှိနေကြစဉ် အကျွန်ပ်တို့၏ မြတ်စွာဘုရား ရှင် ပွင့် တွန်းတော်မူရာ အချိန်သို့ ရောက်ရှိခဲ့လေသည် ထိုအချိန်တွင် အရှင်မဟာကဿပမထေရ်ဖြစ်မည့် ပိပလိ လုလင်သည် မဂရတိုင်း အဝင်အပါ မဟာတိတ္ထိပုဏားရွာဝယ် ကပိလ အမည့်ရှိသော ပုဏားသူဌေးကြီး၏ သူဌေးကတော်ကြီးဝမ်း၌ ပဠိသနေ တည်နေဖြစ်ပွါး၍ ရှင်မဘဒ္ဒါကာပိလာနီ၏ အလောင်းဖြစ်သော အမျိုးသမီးသည်ကားမဒ္ဒ တိုင်းအဝင်အပါ သာဂလမြို့ဝယ် ကောသိယအနွယ်ဖြစ်သော ပုဏားသူဌေးကြီး၏ သူဌေးကတော်ကြီးဝမ်း၌ ပဠိသနေ တည်နေဖြစ်ပွါးလေ၏ ထိုသူနှစ်ဦးတို့ အစဉ်သဖြင့် ကြီးပြင်းကြ၍ ပိပလိလုလင် အသက်နှစ်ဆယ်အရွယ် ဘဒ္ဒါကာပိလာနီအမျိုးသမီး အသက် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ရှိလတ်သော် ပိပလိလုလင်၏ မယ်တော် ခမည်းတော်တို့သည် သားဖြစ်သူကို ကြည့်ရူကြပြီးလျှင် အရွယ်ရောက်ပြီ ဖြစ်သ်ာကို ဆင်းခြင်းစဉ်းစားမိကြ၍ ချစ်သား သင်ချစ်သားသည် အိမ်ထောင်ပြုရန် အရွယ်ရောက်ခဲ့လေပြီ မျိုးဆက်မည်သည်ကို အရှသည်တည်စေရသည် ဟု အတင်းအကြပ် အိမ်ထောင်ပြုရန်  တိုက်တွန်းနားချ ပြောကြလေ၏ ပိပလိလုလင်သည် ဗြဟ္မာ့ပြည်မှ လာသူဖြစ်ရကား ကျွန်၏ နားဥပစာအတွင်းမှာ ဤသို့သော စကားကို မပြောကြားကြပါလင့် ကျွန်ပ်သည် မယ်တော်ခမည်းတော်တို့ အသက်ထက်ရှားရှနေကြစဉ် ပြုစုလုပ်ကျွေးပြီးလျှင် မယ်တော် ခမည်းတော်တို့ ကွယ်လွန်သောအခါ၌ အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ ရှင်ရဟန်းပြုလုပ်မည်ဖြစ်ပါသည် ဟု ငြင်းပယ်စကား ပြောကြားလေ၏ မိဖနှစ်ပါးတို့သည် နှစ်ရက် သုံးရက် လွန်သောအခါ တဖန် နားချ ပြောကြပြန်လေ၏ ပိပလိလုလင်သည်လည်း ရှေးတဖန် နားချ ပြောကြပြန်၏ ပိပလိလုလင်သည်လည်း ရှေးနည်းအတူပင် ငြင်းပယ်ပြန်လေ၏ နောက်တဖန်ထပ်၍  နားချပြောကြားသောအခါမှာလည်း ထိုနည်းအတူပင် ငြင်းပယ်မြဲ ငြင်းပယ်လေ၏ ထိုအချိန်မှစ၍ မိခင်သူဌေးကတော် ကြီးသည် အမြဲမပြတ် နားချပြောကြားလေ၏ ပြောကြားဖန်များလတ်သော် ပိပလိလုလင်သာ် ငါ့မယ် တော်ကို ငါရှင်ရဟန်းပြုလိုကြောင်း ကောင်းစွာ သိစေမည်  ဟု ကြံစည် အောက်မေ့ကာ ရွှေစင်နိက္ခ အချိန်တထောင်ပေး၍ ရွှေပန်းထိမ်သည်များကို အမျိုးသမီးရွှေစင်ရုပ်တုတခု သွန်းထုပြဲလုပ်စေပြီးလျှင် ထိုရွှေစင်တုကို အချောသတ် ပွတ်တိုတ်ပြီးသောအခါ နီမြန်းသောအဝတ်ကို ဝတ်စေပြီးနောက် အဆင်းအရောင် တောက်ပြောင်သော ပန်းများ အဆင်တန်းဆာများထို့ဖြင့် တန်းဆာဆင်စေလျက် မိခင်သူဌေးကတော်ကြီးကို ခေါ်စေ၍ အိုမိခင် အကျွန်ပ်သည် ဤရွှေစင်ရုပ်တုကဲ့သိုသော မိန့်မလှကို ရရှိပါလျှင် အိမ်၌ နေပါမည် မရလျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေအိမ်မည်မဟုတ်ပါ ဟု ပြောကြားလေ၏ မိခင်ပုဏေး သူဌေးကတော်ကြီးသည် ပညာရှိသူဖြစ်ရကား ငါသားသည်  ဘုန်းရှိသူ အလှူဒါနပေးခဲ့သူ ရှေးဆုတောင်းကောင်းမြတ်သူ ဖြစ်လေသည် ကိုသိုလ်ကောင်းမူ အားသစ်ပြုခဲ့သည့် ရွှေစင်ရုပ်တုပမာ အလွန်လှပသော မိန်းမမြတ်သည် ရှိလိမ့်မည် သာ ဟု ကြံစည်အောက်မေ့၍ ပုဏားတော်ကြီး ရှစ်ယောက်တို့ ကိုရှေ့မှောက်သို့ ခေါ်စေကာ များစွာသော ပူဇော်သက္ကာရမူ ပြုလုပ်စေပြီးနောက်  ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်စေပြီးလျှင် အမောက်တို့ သွားကြကုန် ငါ့တို့နှင့် ဇာတ် အနွယ် စည်းစီမ်ဂုဏ်သိရ်တို့ဖြင့် တူမျှသောအမျိုးဝယ် ဤရွှေစင်ရုပ်တုကိုပင် လက်ဆောင်ပဏာ အာမခံပစ္စည်းပြု၍  ပေးခဲ့ကြလော့ ဟု ပြောဆိုမှာကြားကာ စေလွှတ်လိုက်လေ၏ ပုဏားတော် ရှစ်ယောက်တို့သည် ဤအလုပ်သည်ကားကျွန်ပ်တို့ပညာရှိများ၏ ပြုလုပ်ရမည့်အလုပ် ဖြစ်လေသည် ဟု ဝန်ခံပြောဆိုကာ ရွာမှထွတ်ခဲ့ကြ၍ ငါ့တို့သည် အဘယ်အရပ်သို့ သွားကြလျှင်  သင့်တော်မည်နည်း ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြလေသော် ရွာမှထွတ်ခဲ့ကြ၍ ငါ့တို့သည် အဘယ်အရပ်သို့သွားကြာလျှင် သင့်တော်မည်နည်း ဟု အချင်းချင်း တိုပင် ဆွေးနွေးကြလေသော် မဒ္ဒတိုင်းမည်သည် ဤ လောကဝယ် မိန်းမလှထွန်းကားသော တိုင်းဖြစ်လေသည် သို့ရကားငါတို့သည် မဒ္ဒတိုင်းသို့ သွားကြကုန်အံ့ ဟု တညိတညွတ်တည်းဆုံးဖြတ်သဘောတူညီကြ၍ မဒ္ဒတိုင်းအဝင်အပါ သာဂလမြို့သို့ သွားရောက်ကြ၍ ထိုမြို့ဝယ် ရွှေစင်ရုပ်တုကို ရေချိုးဆိပ်၌ ထားပြီးလျှင် သင့်လျောက်ပတ်ရာအရပ်က အကဲခပ်ကာ ထိုင်နေကြလေ၏  ထိုအခါ ဘဒ္ဒါကာပိလာနီပုဏေးသူဌေးသမီး၏ အထိးတော်ကြီးသည် ဘဒ္ဒါကာပိလာနီကို ရေချိုး အဆင်တန်းဆာများ ဆင်ပေးပြီးနောက် ကြက်သရေတိုက်ခန်း၌ ထားခဲ့ပြီးလျှင် ရေချိုးရန် ရေဆိပ်သို့ လာရောက်သည်ရှိသော် ထို့ရွှေစင်ရုပ်တုကို တွေ့မြင်ရ၍ ငါ၏ အရှင့်သမီးတော်သည် ဤ ရေဆိပ်သို့ လာရောက်နေနှင့်သည် ဟု မှန်ထင်ကာ အမှိုးမှိုးခြောက်လျက် ဟယ် အဆုံးမခက်သောသမီး အဘယ်ကြောင့် သင်တယောက်တည် ဤ ရေဆိပ်သို့ လာရောက်သနည်း ဟု မြည်တွန်ပြောဆိုကာ လက်ဝါးပြက်ကု  မိုး၍ အိမ်သို့ မြန်ပြန်သွား ဟု ပြောပြောဆိုဆို  ကျောက်ပြင်ကို ရိုက်နှက်လေ၏ အထိန်းတော်၏ လက်ဝါးပြင် တပြင်လုံး ကျောက်ဖျာ၌ ရိုက်နှက်ရသည့်ပမာ လွန်စွာနာကျင် တုန်လှုပ်၍ သွားလေ၏ အထိန်တော်သည် နောက်သို့ဆုတ်ကာ သြ ငါသည်ဤသို့စင် အတွေ့ကြမ်းလှသည့် လည်ပင်းကြီးမကို  မြင်ရပါလျက် ငါ့အရှင့်သမီးတော် ၏ အဖို့ရာ  အဝတ်ထမီကိုင်သူမ ဤသူမကား ငါ့အရှင့်သမီးတော်၏ အဖို့ရာ အဝတ်ထမီကိုင်သူပင် မဖြစ်သင့်စွာ့ တကား ဟု ရန်တွေ့စကား ပြောကြားလေ၏  ထိုအခါ ပုဏားတော် ရှစ်ယောက်တို့သည် အထိန်းတော်ကို ဝန်းရံကြ၍ သင်၏ အရှင် သမီးသည် ဤမျှပင် တင့်တယ်လှပသလော ဟု မေးကြည့်ကုန်၏ အထိန်းတော်ကား ဤသူမ ကား အဘယမူစအံ့နည်း ဤ သူမထက် ငါ့အရှင့် သမီးတော်သည်အပြန်အရာ အပြန်အထောင်မက လှပတင့်တယ်ပေ၏ တဆယ့်နှစ်တောင်ရှိသော တိုက်ခန်းဝယ် ငါ့အရှင့် သမီးတော် ထိုင်းနေလိုက်လျှက် ဆီမီးညှိထွန်းရန်ကိစ္စ မရှိ ပကတိ ကိုယ်ရောင်ဖြင့်ပင် အမိုက်မှောက်ကို ပယ်ဖျောက်နိုင်၏ ဟု ပြောဆိုလေသော် ပုဏားတော်ရှစ်ယောက်တို့သည် ထိုသို့ဖြစ်လျှင် လာသွားကြစို့ ဟု အထိန်းတော်ကို ခေါ်ခဲ့ကြ၍ ရွှေစင်ရုပ်တုကို ရထားထက်သို့ တင်ပြီးလျှင် ကောသိယဂေါတ္တ ပုဏသူဌေး၏ အိမ်တံခါးဝ၌ ရပ်တည်ကြ၍ မိမိတို့လာရောက်ကြကြောင်းကို  ပြောကြားသိစေကြလေကုန်၏  ကောသိယဂေါတ္တ ပုဏသူဌေးကြီးသည် ဧည့်သည်တော် ပုဏားတို့အား ဧည့်ဝတ်ပြုစုပြီးလျှင် အဘယ်အရပ်မှ လာကြသနည်း ဟု မေး၍ ပုဏားတော်ကိုက မဂဓတိုင်း မဟာတိတ္ထရွာ ကပိလပုဏားသူဌေးအိမ်မှ လာကြပါသည် ဟု ဖြေကြားကြလေလျှင် အဘယ်အကြောင်းကြောင့် လာရောက်ကြသနည်း ဟု မေးမြန်းပြန်၍ ပုဏားတော်တို့သည် မိမိတို့လာရောက်သော အကြောင်းကိုပြန်ကြားပြောဆိုကြလေ၏  ကောသိယဂေါတ္တ ပုဏားတော်တို့သည် မိမိတို့လာရောက်သော အကြောင်းကို ပြန်ကြားပြောဆိုကြလေ၏ ကောသိယဂေါတ္တ ပုဏားသူဌေးသည် အမောင်တို့ ကောင်းသောအမူဖြစ်ပါသည် ကပိလပုဏားသူဌေးသည် ငါ့တို့နှင့် ဇာတ် ဟု ဝန်ခံ၍ ထိုလက်ဆောင်ပဏာ အာမခံရွှေစင်ရုပ်တုကို လက်ထံသို့ သတို့သမီးကို ရအပ်ပါပြီ ပြုဖွယ် ကိစ္စ အဝဝကိုသာ ပြုလုပ်စီမံပါလော့ ဟု သတင်းစကား ပြန်ကြားပို့သစေကုန်

No comments:

Post a Comment

ဤဘလော့အတွင်းရောက်လာကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်