၁။ ယဿနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိစေ၀ါနုယုဉ္ဖန္တော။ ရတ္တိံဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိသုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ။
ဧ၀မာဒိ ဂုဏုပေတံ၊ ပရိတ္တံ တံဘဏာမဟေ။
၃။ ကရဏီယမတ္ထ ကုသလေန၊ ယန္တ သန္တံပဒံ အဘိသမေစ္စေ။
သက္ကော ဥဇူစ သုဟုဇူစ၊ သုဝစော စဿ မုဒုအနတိမာနီ၊
၎။ သန္တုဿကောစ သုဘရော စ၊
အပ္ပကိစ္စော စ၊ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညု ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။
၆။ ယေ ကေစိ ပါဏဘူတ္ထိ၊ တဿာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ။ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိသတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿဒုက္ခ မိစ္ဆေယျ။
၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧ၀မ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိ မာဏံ။
ဥဒ္ဓံ အဓောစ တိရိယဉ္စ၊ အသမ္ဗာ ဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓမာဟု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယဂေဒံ၊ နဟိ ဇာတုဂ္ဂ မ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
မေတ္တာသုတ် အနက်အဓိပ္ပါယ်”
၁။ ယဿ အကြင်မေတ္တာသုတ် ပရိတ်တော်၏
၂။ အာနုဘာဝတော အစွမ်းရှိန်စော် အာနုဘော်တော်ကြောင့်
၃။ ယက္ခာ နတ်အများတို့သည်
၎။ ဘီသနံ ကြောက်မက်ဖွယ်အာရုံမျိုးကို
၅။ နေ၀ဒေဿန္တိ မပြနိုင်ကြကုန်
၆။ ယမှိစေ၀ အကြင်မေတ္တသုတ်ပရိတ်တော်၌သာလျှင်
၇။ ရတ္တိံဒိဝံ နေ့ညမပြတ် အခါခပ်သိမ်း
၈။ အတန္ဒိတော ပျင်းရိခြင်းမရှိပဲ
၉။ အနုယုဉ္ဖန္တော ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်
၁၀။ သုခံ ချမ်းချမ်းသာသာ သုပတိ အိပ်စက်ရ၏
၁၁။ သုတ္တော အိပ်ပျော်သည် ရှိသော် ကိဉ္စိ တစ်စုံတစ်ခုသော
၁၂။ ပါပံစ အိပ်မက်ဆိုးကိုလည်း န ပဿတိ မမြင်မက်ရ။
၁၃။ ဧ၀မာဒိ ဂုဏူပေတံ ဤသို့ အစရှိသော အကျိုးဂုဏ်နှင့် ပြည့်စုံသော
၁၄။ တံပရိတ္တံ ထို မေတ္တသုတ် ပရိတ်တော်ကို
၁၅။ ဟေ အို သူတော်ကောင်းတို့
၁၆။ မယံ ငါတို့သည်
၁၇။ ဘဏာမ ရွတ်ကြကုန်စို့ (မေတ္တသုတ် အမွှန်း)
၁၈။ သန္တံ ငြိမ်သက်သော
၁၉။ ပဒံ နိဗ္ဗာန်ကို
၂၀။ အဘိသမေစ္စ ထွင်းဖောက်သိမြင်၍
၂၁။ ၀ိဟရိတုကာမေန နေခြင်းငှာ အလိုရှိသော
၂၂။ အတ္ထကုသလေန အကျိုးစီးပွား၌ လိမ္မာသောသူသည်
၂၃။ ယံကရဏီယံ အကြင်ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည် ပြုသင့်သောအမှု ပြုရာသောမဂ်ကိစ္စ
၂၄။ အတ္ထိ ရှိ၏
၂၅။ တံ ထို သိက္ခာသုံးရပ် အကျင့်မြတ်ကို
၂၆။ ကရဏီယံ ပြုကျင့်ထိုက်ပေ၏
၂၇။ သက္ကောစ စွမ်းနိုင်သူသည်၎င်း
၂၈။ ဥဇူစ ဖြောင့်မတ်သူသည်၎င်း
၂၉။ သုဟုဇူစ အလွန်ဖြောင့်မတ်သူသည်၎င်း
၃၀။ သုဝစောစ ဆိုဆုံးမလွယ်သူသည်၎င်း
၃၁။ မုဒုစ နူးညံ့ပျော့ပျောင်းသူသည်၎င်း
၃၂။ အနတိမာနီစ မာန်ထောင်လွှားခြင်း မရှိသူသည်၎င်း
၃၃။ အဿ ဖြစ်ရာ၏
၃၄။ သန္တုဿကောစ တင်းတိမ်ရောင့်ရဲ လွယ်သူသည်၎င်း
၃၅။ သုဘာရောစ အမွေးအမြူလွယ်သူသည်၎င်း
၃၆။ အပ္ပကိစ္စောစ နည်းပါးသောကိစ္စရှိသူသည်၎င်း
၃၇။ သလ္လဟုက၀ုတ္တိစ ပေါ့ပါးသောအဖြစ်ရှိသူသည်၎င်း
၃၈။ သန္တိန္ဒြိယောစ ငြိမ်သက်သော ဣနြေ္ဒိရှိသူသည်၎င်း
၃၉။ နိပကောစ ရင့်ကျက်သောပညာရှိသူသည်၎င်း
၄၀။ အပ္ပဂဗ္ဘောစ ကြမ်းတမ်းရိုင်းပျခြင်းမရှိသူသည်၎င်း
၄၁။ ကုလေသု အိမ်သားအိမ်သူ လူတို့၌
၄၂။ အနနုဂိဒ္ဓေါစ တွယ်တာမက်မောခြင်း မရှိသူသည်၎င်း
၄၃။ အဿ ဖြစ်ရာ၏
၄၄။ ယေန အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်
၄၅။ ၀ိညူ ပညာရှိဖြစ်ကုန်သော
၄၆။ ပရေ သူတစ်ပါးတို့သည်
၄၇။ ဥပ၀ဒေယျုံ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏
၄၈။ ဒုဒ္ဒံ ယုတ်ညံ့သော
၄၉။ တံ ထိုဒုစရိုက်မျိုးကို
၅၀။ ကိဥ္စိ အနည်းငယ်ကလေးမျှကိုပင်
၅၁။ နအာစရေ မပြုမကျင့်ရာ
၅၂။ သဗ္ဗေသတ္တာ သတ္တ၀ါမှန်သမျှတို့သည်
၅၃။ သုခိနောဝါ ကိုယ်၏ ချမ်းသာခြင်း ရှိကုန်သည်၎င်း
၅၄။ ခေမိနောဝါ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်၎င်း
၅၅။ ဟောန္တု ဖြစ်ကြပါစေကုန်သတည်း
၅၆။ အန၀သေသာ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော
၅၇။ ယေတသာဝါ အကြင်ထိတ်လန့်တတ်သော ပုထုဇဉ်သေက္ခတို့သည်၎င်း
၅၈။ ယေထာဝရာဝါ အကြင် မထိတ်လန့်တည်တံ့ ခိုင်မြဲသော ရဟန္တာတို့သည်၎င်း
၅၉။ ယေဒီဃာဝါ အကြင်ခန္ဓာကိုယ် ရှည်လျား သတ္တ၀ါများတို့သည်၎င်း
၆၀။ ယေမဟန္တာဝါ အကြင်ခန္ဓာကိုယ်ကြီးမား သတ္တ၀ါများတို့သည်၎င်း
၆၁။ ယေမဇ္ဈိမာဝါ အကြင် မတို မရှည် မကြီး မငယ် အရွယ်အလတ်စား သတ္တ၀ါများတို့သည်၎င်း
၆၂။ ယေရဿကာဝါ အကြင် ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါများတို့သည်၎င်း
၆၃။ ယေအဏုကာဝါ အကြင်သေးငယ်မှုံမွှား သတ္တ၀ါများတို့သည်၎င်း
၆၄။ ယေထူလာဝါ အကြင် ၀ိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်၎င်း
၆၅။ ယေဒိဋ္ဌာဝါ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်၎င်း
၆၆။ ယေအဒိဋ္ဌာဝါ အကြင် မမြင်ဘူးသော သတ္တ၀ါတို့သည်၎င်း
၆၇။ ယေဒူရေ၀သန္တိ အကြင်အဝေးရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း
၆၈။ ယေအ၀ိဒူရေ၀သန္တိ အကြင်အနီးအရပ်၌ နေကြကုန်သော သတ္တ၀ါတို့သည်၎င်း
၆၉။ ယေဘူတာဝါ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသား ဖြစ်ကြသော ရဟန္တာတို့သည်၎င်း
၇၀။ ယေသမ္ဘဝေသီဝါ နောင်ဖြစ်ရမည့် ဘ၀ကိုရှာ အကြင်ပုထုဇဉ်သေက္ခ သတ္တ၀ါတို့သည်၎င်း
၇၁။ ယေကေစိ အလုံးစုံကုန်သော
၇၂။ ပါဏဘူတာ သတ္တ၀ါတို့သည်
၇၃။ အတ္ထိ ရှိကုန်၏
၇၄။ က္ကုမေပိသဗ္ဗသတ္တာ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်၎င်း
၇၅။ သုခိသတ္တာ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်
၇၆။ ဘ၀န္တု ဖြစ်ကြပါစေကုန်သတည်း
၇၇။ ပရော တစ်ပါးသူတစ်ယောက်သည်
၇၈။ ပရံ သူတစ်ပါးဟူ အခြားသူ တစ်ယောက်ကို
၇၉။ နနိကုဗ္ဗေထ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်
၈၀။ ကတ္ထစိ တစ်စုံတစ်ခုသော အရပ်၌
၈၁။ ကိဉ္စိ တစ်စုံတစ်ယောက်သော
၈၂။ နံ ထိုသူတစ်ပါးကို
၈၃။ နာတိမညေထ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့်
၈၄။ ဗျာရောသနာယ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့်၎င်း
၈၅။ ပဋိဃသညာယ ဒေါသစိတ်ဖြင့်၎င်း
၈၆။ အညမညဿ အချင်းချင်း၏
၈၇။ ဒုက္ခံ ဆင်းရဲခြင်းကို
၈၈။ နက္ကုစ္ဆေယ အလိုမရှိပါစေလင့်
၈၉။ မာတာ မွေးသမိခင် ကျေးဇူးရှင်သည်
၉၀။ နိယံပုတ္တံ မိမိရင်နှစ် သားရင်းဖြစ်သော
၉၁။ ဧကပုတ္တ တစ်ဦးတည်းသော သားကို
၉၂။ အာယုသာ မိမိအသက်ဖြင့်သော်ပင်
၉၃။ အနုရက္ခေယထာ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်ဘိသကဲ့သို့
၉၄။ ဧ၀မ္ပိ ဤအတူလည်း
၉၅။ သဗ္ဗဘူတေသု အလုံးစုံသော သတ္တ၀ါတို့၌
၉၆။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော
၉၇။ မာနသံ မေတ္တာစိတ်ကို
၉၈။ ဘာဝယေ အကြိမ်ကြိမ်အခါခါ ပွားများရာ၏
၉၉။ ဥဒ္ဓံ အထက်လောက အရူပဘ၀၌၎င်း
၁၀၀။ အဓော အောက်ပြည်လောက ကာမဘ၀၌၎င်း
၁၀၁။ တိရိယံ အလယ်လောက ရူပဘ၀၌၎င်း
၁၀၂။ သဗ္ဗလောကသ္မိံ အလုံးစုံသောလောက၌
၁၀၃။ အပရိမာဏံ အတိုင်းအတာပမာဏမရှိသော
၁၀၄။ မေတ္တံ မေတ္တာနှင့်ယှဉ်သော
၁၀၅။ မာနသံ စိတ်ကို
၁၀၆။ အသမ္ဗာဓံ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို
၁၀၇။ အဝေရံ ဒေါသဟူဘိ အတွင်းရန်လည်း မရှိသည်ကို
၁၀၈။ အသပတ္တံ နှိပ်စက်ရန်မူ အပရန်လည်း မရှိသည်ကို
၁၀၉။ ကတွာ ပြု၍
၁၁၀။ ဘာဝယေ ပွားများရာ၏
၁၁၁။ တိဋ္ဌံဝါ ရပ်လျှက်သော်၎င်း
၁၁၂။ စရံဝါ သွားလျှက်သော်၎င်း
၁၁၃။ နိသိန္နောဝါ ထိုင်လျှက်သော်၎င်း
၁၁၄။ သယာနောဝါ အိပ်လျှက်သော်၎င်း
၁၁၅။ ယာဝတာ အကြင်မျှလောက်
၁၁၆။ ၀ိတမိဒ္ဓေါ အိပ်ချင်ငိုက်မျည်းခြင်းမရှိသည်ကို
၁၁၇။ အဿ ဖြစ်ရာ၏
၁၁၈။ အထ ငိုက်မျည်းခြင်းကင်း ထိုအချိန်အတွင်း၌
၁၁၉။ ဧတံသတိံ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို
၁၂၀။ အဓိဋ္ဌေယျ စွဲမြဲမကွာ ဆောက်တည်ရာ၏
၁၂၁။ က္ကုဓ ဤဘုရားသာသနာတော်၌
၁၂၂။ ဧတံ ထိုမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို
၁၂၃။ ဗြဟ္မံ ထူးမြတ်သော
၁၂၄။ ၀ိဟာရံ နေခြင်းမျိုးဟူ၍
၁၂၅။ အာဟု မြတ်စွာဘုရားတို့ ဟောကြားတော်မူကုန်ပြီ
၁၂၆။ သော ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည်
၁၂၇။ ဒိဋ္ဌဉ္စ အတ္တဒိဋ္ဌိသို့လည်း
၁၂၈။ အနုပဂ္ဂမ္မ မစွဲယူ မကပ်ရောက်မူ၍
၁၂၉။ သီလ၀ါ လောကုတ္တရာသီလရှိသူတည်း
၁၃၀။ ဒဿနေန သောတာပတ္တိမဂ်ဥာဏ်ဖြင့်
၁၃၁။ သမ္ပန္နော ပြည့်စုံသူသည် (သမနော ဖြစ်လျှက်)
၁၃၂။ ကာမေသု ၀တ္ထုအာရုံ ကာမဂုဏ်တို့၌
၁၃၃။ ဂေဓံ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို
၁၃၄။ ၀ိနေယျ တစ်စမကြွင်း အရှင်းပယ်ရှားပြီးသော်
၁၃၅။ ဇာတု စင်စစ်ဧကန် အမှန်ပင်
၁၃၆။ ပုန နောက်ထပ်တစ်ဖန်
၁၃၇။ ဂမ္ဘသေယျံ ပဋိသန္ဓေ တည်နေခြင်းသို့
၁၃၈။ နဧတိ မရောက်ရတော့ပေ။
မေတ္တာသုတ်ပြီး၏ ။
အလှူတကာ့အလှူတို့တွင် တရားအလှူသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏။